မြိတ် - တနင်္သာရီ ကားလမ်းမကြီးရှိ ဘေလီသံဘောင်တံတား ကျိုးကျ၍ ယာဉ်သွားလာမှု ရပ်ဆိုင်းထား


 မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ၊ မြိတ်-တနင်္သာရီ ကားလမ်းမကြီး ဘေလီသံဘောင်တံတား ယက်မတန်း ပြုတ်ကျမှုဖြစ်ပွား

၅-၁၀-၂၀၁၆

(၅-၁၀-၂၀၁၆)ရက်နေ့(၀၇၃၀)အချိန်မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ၊ မြိတ်-တနင်္သာရီ ကားလမ်းမကြီး မိုင်တိုင်အမှတ်၊ ၂၁/၆နှင့် ၂၁/၇ အကြားရှိ အရှည်ပေ (၄၀)၊ အကျယ်(၁၃)ပေ၊ အမြင့်(၁၅)ပေရှိ ဘေလီ သံဘောင်တံတားအမျိုးအစား(ဝဲလည်တံတား)၏ ဝဲဘက်လက်တန်းသံဘောင်အောက်ပိုင်းကျိုးပြီး ယက်မတန်း ပြုတ်ကျမှုဖြစ်ပွားခဲ့ပါသည်။


အဆိုပါတံတား ယက်မတန်းပြုတ်ကျမှုကြောင်း ကားကြီးများသွားလာ၍မရသေးကြောင်း၊ ကားငယ်နှင့် မော်တော်ဆိုင်ကယ်များသာသွားလာနိုင်ကြောင်း၊ ကျိုး သွားသည့် သံဘောင်ယက်မတန်းအား မြိတ်မြို့၊ပြည်သူ့ ဆောက်လုပ်ရေးဌာနမှအငယ်တန်းအင်ဂျင်နီယာ(၂) ဦးမျိုးဦးနှင့်အဖွဲ့မှပြုပြင်လျက်ရှိပြီး လမ်းကြောပိတ်ဆို့မှု မဖြစ်ပွားစေရေးအတွက် တောင်ရှည်နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်မိုးနှင့်အဖွဲ့မှ ရှင်းလင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရပါသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
မြိတ် - တနင်္သာရီ ကားလမ်းမကြီးရှိ ဘေလီသံဘောင်တံတား ကျိုးကျ၍ ယာဉ်သွားလာမှု ရပ်ဆိုင်းထား  မြိတ် - တနင်္သာရီ ကားလမ်းမကြီးရှိ ဘေလီသံဘောင်တံတား ကျိုးကျ၍ ယာဉ်သွားလာမှု  ရပ်ဆိုင်းထား Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.