မြိတ်မြို့နယ် လွတ်လွတ်ကျေးရွာ၌ ရွာဦးဘုန်းတော်ကြီးကျောင်း မီးလောင်


မြိတ် အောက်တိုဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လွတ်လွတ်ကျေးရွာ၌ အောက်တိုဘာ ၁၈ ရက် ညက ရွာဦးဘုန်းကြီးကျောင်း၌ အခန်းတွင်း ဖုန်းအားသွင်းရာမှ ဖုန်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကို ကျေးရွာပြည်သူများက ကနဦးငြှိမ်းသတ် ခဲ့ကြပြီး ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ကျွဲကူးမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အရန်မီးသတ်စခန်းမှ ရေသယ် ယာဉ် တစ်စီးတို့ဖြင့် မီးသတ်စခန်းမှူး ဦးလွင်ကိုလတ်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်း ငြှိမ်းသတ်ခဲ့ကြရာ မီးငြိမ်းသွားခဲ့သည်။

 မီးလောင်မှုတွင် တာဝန် ရှိသူ ဦးတင်လှကို ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 (မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြိတ်မြို့နယ် လွတ်လွတ်ကျေးရွာ၌ ရွာဦးဘုန်းတော်ကြီးကျောင်း မီးလောင် မြိတ်မြို့နယ် လွတ်လွတ်ကျေးရွာ၌ ရွာဦးဘုန်းတော်ကြီးကျောင်း မီးလောင် Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.