သီပေါ၊ အောက်တိုဘာ ၈ ။
ယနေ့အောက်တိုဘာလ ၈ ရက် မနက် ၁၀း၃၀ အချိန်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့နှင့်သီပေါမြို့အကြား ၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမပေါ် ၊ မောင်ဖုန်းတောင်အဆင်းတွင် သီပေါဘက်မှ ကျောက်မဲဘက်သို့မောင်းနှင်လာသောကန်ဒါယာဉ်နှင့် ကျော်မဲ ဘက်မှ သီပေါဘက်သို့မောင်းနှင်လာသောခရီးသည်တင် ကာဒီးနားယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ၊ ကာဒီးနားယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ကျောက်မဲဆေးရုံသို့တင်ပို့ကုသထားကြောင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကာဒီးနားယာဉ်မောင်းကို ဥပဒေအရ အရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သီပေါမြို့မရဲစခန်းကတာဝန်ကျရဲဝန်ထမ်းတစ်ဦးက အောက်တိုဘာလ၈ ရက် ညနေပိုင်းတွင် AHN သို့ပြောသည်။
အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွားရာ သို့ သီပေါနှင့်ကျောက်မဲမှယာဉ်ထိန်းတပ်ဖွဲ့ ဝင်များ နယ်မြေခံရဲတပ်ဖွဲ့ ဝင်များကလမ်းပိတ်ဆို့ မှုကြာရှည်စွာမဖြစ်ပေါ်စေရန်အတွက်အခင်းဖြစ်ယာဉ်များအားဖယ်ရှားရှင်းလင်းပေးခြင်း၊ဒဏ်ရာရလူနာများအား လူမှုကူညီရေးအသင်းများဖြင့်ပူးပေါင်းကာဆေးရုံ သို့ ပို့ ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းလည်း ၄င်းကပြောသည်။
ယခုဖြစ်ပွားသည့်မောင်ဖုန်းတောင်အတက်အဆင်းလမ်းသည်လမ်းကျဉ်းသည့်အပြင်မျက်ကွယ်အကွေ့ များရှိသဖြင့်ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားကာကားများအရှိန်လွန်၍ချောက်ထဲကျသည့်ဖြစ်စဉ်များလည်းမကြာခဏကြုံတွေ့ ရတတ်သည့်နေရာဖြစ်သည့်အတွက်ယာဉ်မောင်းများအနေဖြင့်မျက်ကွယ်ကွေ့ များတွင်ဟွန်းတီး၍လည်းကောင်း၊အရှိန်လျော့၍လည်းကောင်း သတိပြုမောင်းနှင်ကြဖို့ လိုအပ်ကြောင်းတာဝန်ရှိယာဉ်ထိန်းတစ်ဦးကဆိုသည်။
ကိုနေ
PHOTO - KO NAY
The Asia Heart News
ကျောက်မဲမြို့နှင့် သီပေါမြို့အကြားတွင် ယာဉ်တိုက်မှုဖြစ် သုံးဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
19:41
Rating:
