အရက်အတူသောက်ရာမှ အချင်းများပြီး လူသတ်မှုဖြစ်ပွား


မန္တလေးမြို့ အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာ အောင်နိုင်သူစားသောက်ဆိုင်ရှေ့၌ အောက်တိုဘာလ ၂၀ ရက်နေ့ည ၁၁ နာရီအချိန်တွင် အရက်အတူသောက်သူနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး ဓါးထိုးခံရသူမှာ လည်ပင်းပြတ်ရဒဏ်ရာဖြင့် ၄င်းဆိုင်ရှေ့၌ သေဆုံးလျှက် တွေ့ရှိကြောင်းရဲကြေးနန်းစာအရ သိရသည်။

"မန္တလေးမြို့စွယ်တော်ကားကြီးကွင်းအနီး ၆၆ လမ်းမပေါ် လူတွေ ဝိုင်းကြည့်
နေလို့ ကျွန်တော်လည်း ဆိုင်ကယ်ရပ်ပြီး ကြည့်ခဲ့ပါတယ်။ လူတစ်ယောက်
မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာတွေ့ရတယ်။ ဘေးကလူတွေကို မေးကြည့်တော့ ဓါးထိုးခံတာလို့သိရတယ်။ လည်ပင်းကသွေးတွေထွက်ပြီး မှောက်လျှက်သေဆုံးနေတာ"ဟု ဒေသခံတဦးက ပြောသည်။


သတင်းပေးတိုင်းကြားချက်အရ အမရပူရမြို့နယ် ခေတ္တ မြစ်ငယ်နယ်မြေရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူ၏အိတ်အတွင်းပါရှိသော မှတ်ပုံတင်အရ သေဆုံးသူမှာ ကိုချစ်(ခ)မောင်ချစ်ဖြစ်ကြောင်း သိရပြီး အလောင်းကို မန္တလေးဆေးရုံးကြီးသို့ပို့ကာ သေမှုသေခင်း (ပ)၄၄၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်စုံစမ်းမှုများအရ ပြစ်မှုကျုးလွန်သူဟု သံသယရှိရသူ သန်းစိုး ၆၆x
၆၇ လမ်းကြား နတ်ရေကန်အုပ်စု ကျူး လမ်းကြားတွင် ပြစ်မှုကျူးလွန်ရာ၌
အသုံးပြုခဲ့သော ဓါးဦးချွန် ဓါးမြောင်း ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်ူးသိရသည်။

စိုင်းထူးခန့် 
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အရက်အတူသောက်ရာမှ အချင်းများပြီး လူသတ်မှုဖြစ်ပွား အရက်အတူသောက်ရာမှ အချင်းများပြီး လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.