ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီးတွင် အမြန်ရေယာဉ် နစ်မြုပ်မှုအား ကယ်ဆယ်ရေးများ ဆက်လက် ဆောင်ရွက်လျက်ရှိ


ကနီ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ အောက်တိုဘာ ၁၅ရက်နေ့ နံနက်(၀၅း၀၀)နာရီတွင် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ရေယာဉ်မောင်း ဇော်မျိုးဝင်း မောင်းနှင်လာသော အလျား (၁၁၅)ပေ၊ အနံ(၉)ပေ၊ဇောက် (၄)ပေ(၆)လက်မရှိ မစ်ဆူဘီရှီ(၄၀)၊ (၆)လုံးထိုး အင်ဂျင်စက်တပ် အောင်စိုးမိုးကျော် ခရီးသည်တင် အမြန်ရေယာဉ် စိမ်းဝါရောင်သံခွန်ရေယာဉ်မှာ ရေယာဉ်မဆင်မခြင်မောင်းနှင့်ခဲ့၍ အရှိန်မထိန်နိုင်ဘဲ ကျောက်ဆောင်အားဝင်တိုက်ရာမှ ရေယာဉ်နှစ်မြုပ် ခဲ့ကြောင်း သုံးသပ်ရရှိကြောင်း သိရသည်။


အဆိုပါ ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့သော ရေယာဉ်ပေါ်တွင် ခရီးသည် (၁၈၀)ဦးခန့် တင်ဆောင် မောင်းနှင်လာပြီး ရေယာဉ်နစ်မြုပ်မှု မှ ရေယာဉ်ပေါ်ပါခရီးသည် ကျား(၈၀)ဦး၊ မ(၇၈)ဦး စုစုပေါင်း (၁၅၈)ဦးအား အသက်ရှင်လျက်ပြန်လည်ဆယ်ယူရရှိခဲ့၍ အမည်မသိအမျိုးသမီး(၃)ဦး၊ အမည်နေရပ် လိပ်စာစုံစမ်းဆဲအား သေဆုံးလျက် ဆယ်ယူရရှိပြီး ခရီးသည် (၁၉)ဦးမှာ ပျောက်ဆုံးနေကြာင်း စုံစမ်းသိရှိရသဖြင့် ရေယာဉ်အား မဆင်မခြင် မောင်းနှင့်၍နစ်မြုပ်စေသူ ရေယာဉ်မောင်း ဇော်မျိုးဝင်းအား ဥပဒေအရအရေးယူပေးပါရန် ကင်းရဲတပ်ဖွဲ့မှူး ရဲအုပ် မျိုးကျော်မှ တရာလိုပြုလုပ်တိုင်တန်းထားကြောင်း သိရသည်။


တရားလိုစစ်ဆေးခြင်း၊ သေးဆုံးသူများအား ဆေးစာဖြင့် ကင်းတိုက် နယ်ဆေး ရုံသို့ တင်ပို့ထားပြီး တရာခံဖမ်းဆီးရမရေး သက်သေခံပစ္စည်းသိမ်းဆည်း ရမိရေး အခင်းဖြစ်ရပ်စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါရေယာဉ်နစ်မြုပ်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ကနီမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဖြိုးအောင်ထွန်း ကြီးကြပ်၍ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ မင်းကင်းမြို့နယ်များမှ မီးသတ် တပ်ဖွဲ့ ၀င်များနှင့် လူမူရေးအဖွဲ့အစည်းများက ဆက်လက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သန်းဌေးအောင် (ကနီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီးတွင် အမြန်ရေယာဉ် နစ်မြုပ်မှုအား ကယ်ဆယ်ရေးများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီးတွင် အမြန်ရေယာဉ် နစ်မြုပ်မှုအား ကယ်ဆယ်ရေးများ ဆက်လက် ဆောင်ရွက်လျက်ရှိ Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.