မြိတ်-ထားဝယ်ခရီးသည်တင် မော်တော်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော လမ်းဘေးသို့ ထိုးကျ


မြိတ် အောက်တိုဘာ ၂၃

မြိတ်မြို့မှ ထားဝယ်မြို့သို့ အောက်တိုဘာလ(၂၂)ရက် ညဦးပိုင်းတွင် ခရီးသည်များ တင်ဆောင်ထွက်ခွာလာသည့် ရွှေဝယ် ရတနာ ခရီးသည်တင်ယာဉ်သည် ည(၁၀း၃၀)နာရီခန့်က မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု အထက်ဘုတ်ကျေးရွာအနီး မိုင်တိုင်အမှတ် ၀/၆ အနီး လမ်းကွေ့တွင် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော လမ်းဘေးသို့ ထိုးကျခဲ့ရာ ခရီးသည် မဖြူနှင်းမှာ ၀ဲဘက်ဒူး၊ ၀ဲဘက်မျက်ခုံးဘေးတွင် ပွန်းပဲ့ဒဏ်ရာနှင့် ၀ဲလက်ဖျံ အရိုးကျိုးဒဏ်ရာတို့ရရှိ ခဲ့ပြီး မော်တော်ကားတွင် ရှေ့လေကာမှန်၊ ခရီးသည် တက်ဆင်း ဘေးတံခါး မှန်တို့ ကွဲအက်ပျက်စီးခဲ့ပြီး ကားအရှေ့ဘန်ကာ ကောက်သွားခဲ့ကြောင်း သိရသည်။


လမ်းဘေးထိုးကျခဲ့သည့် ရွှေဝယ်ရတနာခရီးသည်တင်ယာဉ်ကို ယာဉ်မောင်း ဦးသန်းကျော်မောင်းနှင်လာခဲ့ပြီး ခရီးသည် (၁၆)ဦး စီးနှင်းလိုက်ပါလာကြောင်း၊ ဒဏ်ရာရရှိသော ခရီးသည်အား ချမ်းမြေ့ကျန်းမာရေး အထောက် အကူပြုယာဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိသော ခရီးသည်များအား ရွှေဝယ်ရတနာ ခရီးသည်တင်ယာဉ် တစ်ခြားတစ်စီးဖြင့် လွှဲပြောင်းတင်ဆောင်၍ ထားဝယ်မြို့သို့ ည(၁၂)နာရီတွင် ဆက်လက်ထွက်ခွာသွား ခဲ့ကြောင်း၊ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းအား ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြိတ်-ထားဝယ်ခရီးသည်တင် မော်တော်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော လမ်းဘေးသို့ ထိုးကျ မြိတ်-ထားဝယ်ခရီးသည်တင် မော်တော်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော လမ်းဘေးသို့ ထိုးကျ Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.