ရေယာဉ်စီးခရီးသည် ၄၃ ဦးပျောက်ဆုံးနေလျက်ရှိကြောင်း ၎င်း၏ မိသားစုများက ကယ်ဆယ်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းထား


မုံရွာ၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ကြောင်းအတွင်း အောက်တိုဘာ ၁၅ ရက် မနက် ၅ နာရီခန့်က တိမ်းမှောက်နစ်မြုတ်ခဲ့သော အောင်စိုးမိုးကျော်(၂) ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါခဲ့သည့် ခရီးသည်များအနက် ခရီးသည်(၄၃)ဦးမှာ ပျောက်ဆုံးနေလျက်ရှိကြောင်း ၎င်းတို့၏ မိသားစုများက ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။
'' ပျောက်ဆုံးခရီးသည် အချိုးသား(၇)ဦး၊ အမျိုးသမီး(၃၆)ဦး နဲ့ပတ်သက်လို့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်.."".. ဟု ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ဆိုသည်။


အဆိုပါ ရေယာဉ်တိမ်းမှောက်နစ်မြုတ်ချိန်တွင် အသက်ရှင်လျက် ရှာဖွေကယ်ဆယ်ခဲ့သည့် ခရီးသည်(၁၅၈)ဦး၊ သေဆုံးသူ ရုပ်အလောင်း( ၇၃)လောင်းဖြစ်ပြီး လက်ရှိ ပျောက်ဆုံးသူ (၄၃)ဦးဖြစ်ကြောင်း ကယ်ဆယ်ရေး မှတ်တမ်းများအရ သိရသည်။


၎င်းရေယာဉ် တိမ်းမှောက်နစ်မြုတ်မှုနှင့်ပတ်သက်၍ အောက်တိုဘာ ၂၂ ရက်နေ့ မွန်းတည့်ချိန်က မုံရွာမြို့ မြသလ္လာခန်းမတွင် ရှင်းလင်ပွဲပြုလုပ်ရာ ရေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူတစ်ဦးက နစ်မြုတ်ရေယာဉ်သည် ခရီးသည် ၃၆ ဦးသာလျင် စီးနင်းလိုက်ပါခွင့်ရှိသော ရေယာဉ်အမျိုးအစားဖြစ်ကြောင်း သတင်းမီဒီယာများ၏ မေးမြန်းချက်ပေါ်တွင်ပြန်လည်ဖြေကြားသွားခဲ့သည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9
ရေယာဉ်စီးခရီးသည် ၄၃ ဦးပျောက်ဆုံးနေလျက်ရှိကြောင်း ၎င်း၏ မိသားစုများက ကယ်ဆယ်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းထား  ရေယာဉ်စီးခရီးသည် ၄၃ ဦးပျောက်ဆုံးနေလျက်ရှိကြောင်း ၎င်း၏ မိသားစုများက ကယ်ဆယ်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းထား Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.