တရားမဝင်ဆေးပြား၊ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


နေပြည်တော် အောက်တိုဘာ ၁၉

ဟင်္သာတခရိုင် ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်ဆေးပြားများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းရရှိ သဖြင့် အောက်တိုဘာ ၁၇ ရက် နံနက် ၁၁ နာရီခန့်က ဟင်္သာတမြို့ အမှတ်(၁၉ဝB) ကုန်သည်လမ်း လယ်သမားရပ်ကွက်၌ နေထိုင်သူ မသီတာဦး (၄၇ နှစ်) ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ AJI-NO-MOTO တံဆိပ်ပါ ဆေးပြား ၂၅၈ဝ၊ ဆင်တံဆိပ် စာတန်းပါစာရွက် ၄၅ဝ၊ ပလတ်စတစ်အိတ်အကြည် ၃ဝဝ ၊ ဆေးဘူးခွံ တစ်ခု၊ အမြင့် လေးပေခန့်ရှိ ဆေးပြားရိုက်စက်မို တစ်ခုတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းကို ဟင်္သာတမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တရားမဝင်ဆေးပြား၊ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ  တရားမဝင်ဆေးပြား၊ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.