![]() |
နာဆာ ဆက်တလိုက်ကနေ တွေ့ရတဲ့ Matthew ဟာရီကိန်း မုန်တိုင်း (Credit: Reuters) |
Matthew လို့ခေါ်တဲ့ ဟာရီကိန်းမုန်တိုင်းဟာ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ပေါ်တဲ့ Hurricane Felix လို့ အင်အားပြင်းထန်မယ်လို့ သိရပါတယ်။
မုန်တိုင်းဝင်ရောက်နိုင်တဲ့ Guantanamo Bay ရေတပ်စခန်းက လူတွေကို အမေရိကန်က လေယာဉ်တွေနဲ့ ကြိုတယ်ရွေ့ပြောင်းပေးနေသလို ဟေတီ အစိုးရကလည်း လှေတွေနဲ့ လူတွေကို ပြောင်းရွှေ့မှုတွေ လုပ်နေပါတယ်။
ဂျာမေကာ နိုင်ငံတောင်ပိုင်းကို Matthew မုန်တိုင်းက ဒေသစံတော်ချိန် တနင်္ဂနွေမှာ ကျရောက်မယ်လို့ ခန့်မှန်းထားပြီး တစ်နာရီကို လေတိုက်နှုန်း ၂၄၀ ကီလိုမီတာအထိ အင်အား ပြင်းတဲ့ မုန်တိုင်း ဖြစ်မယ်လို့ ဆိုပါတယ်။
အဲဒီနောက် မုန်တိုင်းဟာ ဟေတီနိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပြီး အင်္ဂါနေ့လောက်မှာတော့ Matthew မုန်တိုင်းက ကျူးဘားနိုင်ငံ အရှေ့ပိုင်းကို ကျရောက်မှာ ဖြစ်ပြီး အဲဒီကနေတဆင့် အမေရိကန် ရေတပ် အခြေစိုက်ရာ Guantanamo ဒေသထဲကို ဝင်ရောက်မယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ကျူးဘား အစိုးရကလည်း မုန်တိုင်းအတွက် ပြင်ဆင်မှုတွေကို စနေနေ့တုန်းက သွားရောက်လေ့လာခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မုန်တိုင်း မဝင်ခင် ကန်၊ ကျူးဘားနဲ့ ဟေတီမှာ ကြိုတင်ပြင်ဆင်
Reviewed by THITHTOOLWIN
on
13:42
Rating:
