ဇနီး နေအိမ်ပေါ်မှဆင်းသွားသဖြင့် ခင်ပွန်း ကြိုးဆွဲချသေဆုံး


ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်းမြို့ ၊ အင်္ဂလုံကျေးရွာအနီး အိမ်တအိမ်တွင် အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းက ဇနီးသည်နေအိမ်မှဆင်းသွားသဖြင့် ခင်ပွန်းဖြစ်သူက စိတ်ညစ်ကာ မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးမှုတခု ဖြစ်ပွားခဲ့ကြောင်း ကွမ်းခြံကုန်း ရဲစခန်းမှသိရသည်။

သေဆုံးသူမှာ အသက် ၂၈ နှစ် အရွယ်ရှိ ကိုစိုးသူဆိုသူဖြစ်ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်က ၄င်းနေထိုင်ရာအင်္ဂလုံကျေးရွာတောက်ဘက် ၄ ဖာလုံခန့်အကွာတွင်ရှိသော တဲအတွင်း ပလပ်စတစ်ကြိုးကို အသုံးပြုကာ တဲ၏ထုတ်တန်းတွင်ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်သည်။

ဖြစ်စဉ်အားရဲတပ်ဖွဲ့ကစုံစမ်းရာ လွန်ခဲ့သော ၁၅ ရက်က ဇနီးဖြစ်သူနှင့်စကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူမှနေအိမ်ဆင်းသွားပြီး ပြန်ရောက်မလာသဖြင့် စိတ်ညစ်ကာ ယင်းသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ သေဆုံးသူ၏အလောင်းကို ကွမ်းခြံကုန်းဆေးရုံသို့ပို့ဆောင်ပြီး ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇/၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ကိုရဲ
(Photo : For illustration purpose only.)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဇနီး နေအိမ်ပေါ်မှဆင်းသွားသဖြင့် ခင်ပွန်း ကြိုးဆွဲချသေဆုံး ဇနီး နေအိမ်ပေါ်မှဆင်းသွားသဖြင့် ခင်ပွန်း ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.