ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှု မြန်မာအမျိုးသားတစ်ဦးကို စွဲချက်တင်


ထိုင်းနိုင်ငံ ၊ Bang Saphan ခရိုင်မှာ ကာရာအိုကေဆိုင်ကအမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုနဲ့ မြန်မာအမျိုးသားတစ်ဦးကို စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကိုကိုးကားပြီး Bangkok Post သတင်းဌာန က ရေးသားဖော်ပြပါတယ်။

 စွပ်စွဲခံထားရတဲ့ မြန်မာအမျိုးသားဟာ အသက် (၄၀) အရွယ် ဖြစ်ပြီး Bang Saphan ခရိုင်မှာရှိတဲ့ ယာခင်းမှာ အလုပ်လုပ်ကိုင် သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

 အဲဒီအမျိုးသားကို ကာရာအိုကေဆိုင်အလုပ်သမတစ်ဦး သေဆုံးပြီး နှစ်ရက်အကြာမှာ သူနေထိုင်ရာရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ကာရာအိုကေဆိုင်မှာအလုပ်လုပ်ကိုင်တဲ့ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးရဲ့အလောင်းကိုတော့ အောက်တိုဘာ (၂၇) ရက်က ဟိုတယ်တစ်ခု အတွင်းမှာတွေ့ရှိရတာဖြစ်ပါတယ်။

 ဟိုတယ်ဝန်ထမ်းတစ်ဦးက ဟိုတယ်အခန်း အတွင်း အ၀တ်အစားမပါပဲ လဲနေတဲ့ အမျိုးသမီးကို လည်ပင်းဒဏ်ရာတွေနဲ့ အတူ တွေ့ရှိတာဖြစ်တယ်လို့ သတင်းကဆိုထားပါတယ်။

 စွပ်စွဲခံထားရတဲ့ အမျိုးသားကတော့ သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့ညက ကာရာအိုကေဘားမှာ ဘီယာသောက်နေခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး အမျိုးသမီးကို ဟိုတယ်မှာ တစ်ညတာအတူနေဖို့ ဘတ် ၁၈၀၀ နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post
5 Plus News
https://www.facebook.com/5plusnews/
ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှု မြန်မာအမျိုးသားတစ်ဦးကို စွဲချက်တင်  ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှု မြန်မာအမျိုးသားတစ်ဦးကို စွဲချက်တင် Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.