မောင်တောမြို့နယ် မြောက်ပိုင်းကို ယနေ့နံနက် ၃ နာရီခန့်က ဖြစ်ပွားသော တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့မှ နှစ်ဦးကျဆုံးပြီး ဘင်္ဂလီလက်နက်ကိုင် တိုက်ခိုက်သူများ အဖွဲ့မှ ငါးဦးကျဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိသည်ဟု သတင်းရရှိသည်။
“ အခု အလောင်းတွေကို ဖျာချုပ်ပြီး မောင်တောကို ကားနဲ့ ယူသွားပါပြီ။ ဒေသခံတွေကို ကြည့်ခွင့် မပေးဘူး” ဟု ငခူရ ကျေးရွာသား တစ်ဦးက ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့မှ ကျဆုံးသူနှစ်ဦးမှာ ဒေသအခေါ် ဗိုလ်လေး (ခေါ်) ဒုရဲအုပ် သိန်းကျော်ထွန်း ဖြစ်ပြီး နောက်ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ငခူရရွာတွင် အိမ်ထောင်ကျနေသူ ဒိုင်းနက် အမျိုးသား ဇော်နိုင်ထွန်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အဆက်အသွယ် ပြုလုပ်၍ မရသဖြင့် သေဆုံးမှုများနှင့် ပတ်သတ်ပြီး အာဏာပိုင်များ၏ သီးခြား အတည်ပြုချက်ရယူနိုင်ခြင်း မရှိပါ။
Narinjara
https://www.facebook.com
ငခူရတိုက်ပွဲတွင် အသေအပျောက် ခုနှစ်ဦးရှိဟုဆို
Reviewed by THITHTOOLWIN
on
12:42
Rating:
