![]() |
မီးလောင်မှု ဖြစ်ပွားခဲ့သည့် ငါးခူရကျေးရွာ ဆိုင်ခန်း၃ခန်း။ ဓာတ်ပုံ..ဖိုးသီဟ |
မောင်တောမြိုနယ်တောင်ပိုင်း ငါးခူရကျေးရွာ ဗလီရှေရှိ ဈေးဆိုင်ခန်းများအား ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၉နာရီခန့်က အကြမ်းဖက်သမားများက မီးရှိုးပြီး ဆူပူမှုပြုရန် လုပ်ဆောင်ခဲ့ခြင်းအား သက်ဆိုင်ရာမှ ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
" ဗလီရှေ့က ဆိုင်တွေကို မီးရှိုးပြီး အချိန်ကိုက် အွန်လိုင်းမှာ ဗလီကို မီးရှိုးပါတယ်ဆိုပြီး သတင်းတွေလုပ်ကြံတင်ကြတယ်၊လုံခြုံရေးအဖွဲ့တွေအချိန်မှီ ငြိမ်းသတ်ပီး နောက်ဆက်တွဲ မဖြစ်လာအောင် ထိန်းနိုင်ခဲ့ပါတယ်"ဟု ငါးခူရကျေးရွာမှ လုံခြုံရေး တာဝန်ယူထားသော ရဲအရာရှိတဦးမှပြောသည်။
![]() |
မီးလောင်မှု ဖြစ်ပွားခဲ့သည့် ငါးခူရကျေးရွာ ဆိုင်ခန်း၃ခန်း။ ဓာတ်ပုံ..ဖိုးသီဟ |
ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်ပွား မစတင်မှီ စက်တင်ဘာလ တွင် RSO အကြမ်းဖက်သမားများနှင့် ဆက်စပ်သူ ၈ ဦးကို ငါးခူရ နယ်မြေ တပ်ရင်းမှုးမှ ဖမ်းဆီးခဲ့မှုအပေါ် မကျေနပ်သဖြင့် ယခုထပ်မံ မီးရှို့ပြီး ဆူပူအကြမ်းဖက်ရန် ကြံစည်ခြင်းဖြစ်နိုင်ကြောင်း ငါးခူရ ရဲကင်းစခန်းမှ တာဝန်ရှိသူတဦးမှ ဆိုသည်။
" အောက်တိုဘာ ၉ ရက် မဖြစ်ခင်ကတည်းက စက်တင်ဘာလ ၁၅ ရက်နေ့လောက်ကတည်းက ငါးခူရ နယ်မြေက တပ်ရင်းမှုးက သတင်းရလို့ RSOနဲ့ ဆက်နွယ်သူ ဘဂ်လီ ၈ ယောက်ကို ဖမ်းတယ် ၊ ရုံးတင်တရားစွဲဖို့လုပ်ခဲ့ပေမဲ့၊နောက်ပိုင်းမှာ ပြန်လွတ်ပေးလိုက်ရတယ်၊ဒါကို အဓိက မကျေနပ်တာ၊၉ ရက်နေ့ကလည်း ငါးခူရစခန်းကို အဓိကလာတိုက်တာ တပ်ရင်းမှုးကိုမကျေနပ်လိုဘဲ၊ကံကောင်းတာက ဖြစ်တဲ့အချိန် တပ်ရင်းမှုးက အပြင်မှာရောက်နေတယ်"ဟု ရဲကင်းစခန်းမှ တာဝန်ရှိသူတဦးမှ ဆိုသည်။
မောင်တောဒေသအတွင်း ငါးခူရ နယ်မြေသည် တဖက်ဘဂ်လားဒေရှ်နိုင်ငံနှင့် အလွယ်တကူ မှောင်ခို သွားလာရ အလွယ်ကူဆုံး နယ်မြေတခုဖြစ်ပြီး အကြမ်းဖက် ဖြစ်စဉ်များအတွင်း ဘဂ်လီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ငါးခူရ နယ်မြေတွင် လုံခြုံရေး နှစ်ဦးသေဆုံးပြီး မိသားစုဝင်တဦး ဒဏ်ရာရရှိခဲ့သည်။....
ဖိုးသီဟ (မြတ်သူထွန်း)
Development Media Group
https://www.facebook.com/DevelopmentNJ/
မောင်တော ငါးခူရ မီးလောင်၊ အကြမ်းဖက်သမားများ ဆူပူမှုလုပ်ရန် မီးရှို့ဟုဆို
Reviewed by THITHTOOLWIN
on
09:50
Rating:
