ကျောက်မျက်ဌာနဝန်ထမ်းအကြီးအကဲများပြောင်းလဲရေး မန်းကျောက်သမားများ ဆန္ဒထုတ်ဖေါ်


မြန်မာ့ကျောက်စိမ်းဈေးကွက်ကျဆင်းမှုကြောင့် ကျောက်မျက်ဌာနအကြီးအကဲဝန်ထမ်းများပြောင်းလဲပေးရန်နင့်အကန့်အသတ်မရှိကျာက်စိမ်းတူးဖေါ်မှုများဖြေရှင်းပေးရန် မန္တလေးကျောက်သမားများက အောက်တိုဘာ ၂၉ ရက်နေ့နံနက် ၉ နာရီကဆန္ဒထုတ်ဖေါ်ကြသည်။

"ကျောက်မျက်အတွင်းဝန် ညွှန်မှူး တွေကို ပြောင်းပေးဖို့ တောင်းဆိုတယ်။ဈေးကွက်ပျက်တော့ ကျောက်နဲ့အသက်မွေးသူတွေ ဒုက္ခရောက်တာ ၃နစ်လောက်ရှိပြီ။"ဟု ဦးဆောင်သူဦးသန်းဝင်းကပြော သည်။

တူးဖေါ်ရေးယာယီရပ်ဆိုင်းရန် ဒုတိယအကြိမ်ပြင်ဆင်သည့် ကျောက်မျက်ဥပဒေဖျက် သိမ်းပေးရန် တရားမဝင်ပြည်ပတင်ပို့မှုပိတ်ပေးရန် ကျောက်မျက်အတွင်းဝန်နင့်ညွှန်မှူး ညွှန်ချုပ်ပြောင်းပေးရန် အစိုးရနှင့်ပြည်သူသွေး ခွဲသူတို့ရန်သတို့ဖြင့်ကြွေးကြော်ကာ လမ်း လျှောက်ဆန္ဒထုတ်ဖေါ်ကြသည်။

ဖားကန့် ခန္တီးစသည့် ကျောက်စိမ်းထွက်ရာဒေသ များတွင် စက်ယန္တရားကြီးများဖြင့်အကန့်အသတ်မရှိတူးဖေါ်ကာ နယ်စပ်လမ်းကြောင်းမှတဆင့် ပြည်ပသို့ တရားမဝင်တင်ပို့မှုများက ကျောက်စိမ်းဈေးကွက်ထိခိုက်သည့်အပြင် နိုင်ငံတော်အခွန်ငွေဆုံးရှုံးသည်ဟုဆိုသည်။

ခိုင်ဆက်ဝေ/စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ကျောက်မျက်ဌာနဝန်ထမ်းအကြီးအကဲများပြောင်းလဲရေး မန်းကျောက်သမားများ ဆန္ဒထုတ်ဖေါ် ကျောက်မျက်ဌာနဝန်ထမ်းအကြီးအကဲများပြောင်းလဲရေး မန်းကျောက်သမားများ ဆန္ဒထုတ်ဖေါ် Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.