မုံရွာမြို့ပေါ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွား


နေအိမ်ခြံဝင်းနှင့် နေအိမ်တံခါးများ သော့ခပ်ပိတ်ထားသည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု မုံရွာမြို့ပေါ်တွင် ဖြစ်ပွား

မုံရွာ၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာဦးရပ်ကွက်၊ သမာဓိလမ်း၊ အိမ်အမှတ် ၂/ ၉၉ နေအိမ်တွင် အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက လင်းမယားနှစ်ဦးစလုံး သတ်ခံရပြီး နေအိမ်တံခါးးများ သော့ပိတ်သွားခဲ့သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


အဆိုပါ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားသည့်ဗနရာသို့ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် ကန်သာဦး ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့အတူသွားရောက်ခဲ့ကြသည်။ ထို့နောက် လူသတ်မှုဖြစ်ပွားရာ နေအိမ်ဝင်းခြံနှင့် လူနေအိမ်တို့သည် သော့များ ခပ်ပိတ်ထားသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့ခွဲ( CID) ရုံးသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် စီအိုင်ဒီ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး သော့များရှိ လက်ဗွေရာများကို သိပ္ပံနည်းကျ စစ်ဆေးရယူကာ နေအိမ်သော့များဖွင့်၍ ၀င်ရောက်ခဲ့ကြသည်။
ထိုသို့ နေအိမ်အတွင်းသို့ ၀င်ရောက်စဉ် နေအိမ်၏ အိမ်ရှေ့ခန်း တံခါးဝ ဘုရားစင်အနီးတွင် အမျိုးသားတစ်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သွေးအိုင်အတွင်း လဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီးနောက် နေအိမ် အိပ်ခန်းအတွင်း ကုတင်၏ ခြေရင်းဘက် ခုံပေါ်တွင် အမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှ ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို ရဲစခန်းမှူးနှင့်အဖွဲ့က မှတ်တမ်းများရယူခဲ့သည်။ သေဆုံးသူ လင်းမယားနှစ်ဦး နေထိုင်ခဲ့သည့် နေအိမ်မှာ အိမ်းအငှားဖြစ်ကြောင်း သိရသည်။


ထို့နောက် သေဆုံးသူ လင်းမယားနှစ်ဦး၏ ရုပ်အလောင်းများအား မုံရွာပြည်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နေအိမ်ပိုင်ရှင်၏ ခွင့်ပြုချက်များအရ နေအိမ်အကာထရံများ ဖျက်ထုတ်၍ ရုပ်အလောင်းများကို သယ်ယူပို့ဆောင်ခဲ့ကြသည်။
‘’ သူတို့လင်းမယားတွေက မကြာခဏ လင်မယား ရန်ဖြစ်နေကြဆိုတော့ .. အခါတိုင်းလို လင်းမယား ရန်ဖြစ်ကြတာဘဲလို့ ထင်နေခဲ့ကြတာ.. မနက် (၅) နာရီလောက်ကဖြစ်တာပါ ..။ အဲ့ဒီ လိုဖြစ်ပြီး မကြာခင် အဲ့ဒီအိမ်ထဲက ဆိုင်ကယ် အကြီးတစ်စီး စီးပြီးလူတစ်ယောက်ထွက်သွားတယ် ..။ ဒီနေ့မနက် မိုးလင်းတော့ကြည့်လိုက်တဲ့အချိန်မှာ အိမ်းက သော့ပိတ်ထားတာကြောင့် တစ်ခုခုဖြစ်တာဘဲဆိုပြီး ရပ်ကွက်ရုံးကို အကြောင်းကြားလိုကတာပါ .. ရပ်ကွက်လူကြီးတွေရောက်လာပြီး နောက်ဘေးခြံစည်းရိုးကနေ ကျော်ဝင်ပြီးကြည့်လိုက်တော့ အထဲမှာ လူသေအလောင်းတွေ့တယ်ဆိုတာ ကြားရတာပါ…’’ ဟု အဆိုပါ နှစ်လောင်ပြိုင် လူသတ်မှုဖြစ်ပွားရာ နေအိမ်အနီးနေ( အမည်မဖော်လိုသူပါ ဒေါ် ........ ) အိမ်းနီးချင်းဖြစ်သူတစ်ဦးက ပြောသည်။
အဆိုပါ လူသတ်မှုဖြစ်ပွားသည့်နေရာတွင် ဓာမြှောင်တစ်ချောင်းတွေ့ရှိရသော်လည်း သေဆုံးသူများ၏ ဓားဒဏ်ရာများသည် တွေရှိရသော ဓားမြှောင်အား အသုံးပြုထားခြင်း မဖြစ်နိုင်ကြောင်း စီအိုင်ဒီအဖွဲ့မှ မှတ်ချက်ပြု ယူဆထားကြောင်း သိရသည်။
‘’ သေဆုံးသူ နှစ်ယောက်စလုံးရဲ့ ခန္ဒာကိုယ်ပေါ်က ဓားဒဏ်ရာတွေဟာ ဓားမြှောင်ကို အသုံးပြုပြီး ဖြစ်ပွားတဲ့ ဒဏ်ရာ အမျိုးအစားမဖြစ်နိုင်ပါဘူး .. လူသတ်မှုကျူးလွန်ရာမှာ ကျူးလွန်သူက ဓားရှည်၊ ဓားမ တစ်ခုခုနဲ့ ကျူးလွန်တာ ဖြစ်နိုင်ပါတယ် ..” ဟု စီအိုင်ဒီ ရဲအရာရှိတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့သည်။


၎င်း လူသတ်မှုနှင့်ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်မှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး သေဆုံး လင်မယားနှစ်ယောက်၏ အမည် ၊ နေရပ်လိပ်စာ၊ အသက်နှင့် အလုပ်အကိုင်များကို စုံးစမ်းလျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/monywa.maung
မုံရွာမြို့ပေါ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွား  မုံရွာမြို့ပေါ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.