ချောင်းဦး အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာတွင် အောက်တိုဘာလ (၂၇) ရက် ညက မိုးရွာသွန်းမှုကြောင့် ဦးကျော်ဇော် + ဒေါ်မြင့်ဌေး တို့၏ နေအိမ်ဝင်းအတွင်းရှိ လက်နှစ်ဖက်ခန့်ရှိသော ကုက္ကိုလ်ပင်သည် အခြေမှ ပြိုလဲ၍ ၄င်းတို့၏ နေအိမ်ပေါ်သို့ ပြိုကျခဲ့ကြောင်း သိရသည်။
သစ်ပင်ပြိုကျမှုကြောင့် ၆ ပင် ၅ ခန်းရှိသည့် သွပ်မိုး၊ ကပ်ကာ တစ်ထပ် အဆောက်အဦး၏ အခန်း(၃)ခန်း ပျက်စီးပြီး၊ ဗီရို (၁)လုံး၊ ကုတင် (၁)လုံး နှင့် ပဲ(၅)တင်းခန့် ပျက်စီးဆုံးရှုံးခဲ့ရာ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် မိသားစုဝင် ကျား(၄)ဦး၊ မ(၃)ဦး၊ စုစုပေါင်း (၇)ဦးတို့မှာ ပျက်စီးမှု မရှိသည့် ၄င်းတို့၏ နေအိမ် အခန်း (၂)ခန်းတွင် နေထိုင်လျှက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ပြိုကျ၍ နေအိမ်တစ်လုံးပျက်စီး
Reviewed by THITHTOOLWIN
on
15:48
Rating:
