အင်အားပြင်း ဟာရီကိန်း မက်သယူး၊ ဟေတီကို ဝင်မွှေ

 လူတွေ နေရပ် စွန့်ခွာကြဖို့ ဟေတီ အစိုးရက တိုက်တွန်းနေ။
အင်အားအပြင်းဆုံး ဟာရီကိန်း မုန်တိုင်းတွေထဲက တစ်ခုဟာ ဟေတီ နိုင်ငံကို ဝင်ရောက် တိုက်ခတ် နေပါတယ်။

ဟေတီ ကမ်းရိုးတန်းက လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အတွက် အတတ်နိုင်ဆုံး အကာအကွယ် ယူကြဖို့ အာဏာပိုင်တွေက အစောပိုင်းက တိုက်တွန်း ထားပါတယ်။

မက်သယူး ဟာရီကိန်းကြောင့် လေတိုက်နှုန်း တစ်နာရီ ၁၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ မိုးရေချိန် လက်မ ၄၀ လောက်အထိ ရွာသွန်းနိုင်တဲ့အတွက် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေလည်း ဖြစ်နိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာက ပြောပါတယ်။

မက်သယူး ဟာရီကိန်း လမ်းကြောင်းမှာ ရှိနေတဲ့ ဟေတီ နိုင်ငံသားတွေကို နေရပ်စွန့်ခွာဖို့ ဟေတီ အစိုးရက ဆော်သြခဲ့ပေမယ့် တချို့က စွန့်ခွာဖို့ တွန့်ဆုတ် ခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက် ရက်အနည်းငယ်မှာတော့ ဘဟားမား၊ ကျူးဘားနဲ့ အမေရိကန် ပြည်ထောင်စုက ဖလော်ရီဒါ ပြည်နယ်တွေကို ဝင်ရောက်ဖွယ် ရှိနေလို့ ပြင်ဆင်မှုတွေ ကြိုလုပ်ထားကြပါတယ်။

ဖလော်ရီဒါနဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေက ကမ်းရိုးတန်း ဒေသတွေမှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန် ကြေညာ ထားကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
အင်အားပြင်း ဟာရီကိန်း မက်သယူး၊ ဟေတီကို ဝင်မွှေ အင်အားပြင်း ဟာရီကိန်း မက်သယူး၊ ဟေတီကို ဝင်မွှေ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.