၁၁-၁၀-၂၀၁၆
ထိုင်းနိုင်ငံ တပ်ခရိုင် ထရောင်ရမ်Tha Song Yang district ခရိုင်အတွင်း မဲသဝေါ မြို့ နယ် မဲနမ်မေ (ထိုင်းမြန်မာနယ်ခြားသောင်ရင်းမြစ်)ကြောင်း အတွင်းမှာ အောက် တိုဘာ ၁၀ ရက်နေ့ က ထိုင်းစက်လှေတစ်စီး နစ်မြု ပ် သွား ခဲ့ကြောင်း သိရပါတယ်။
စက်လှေပေါ်မှာ(၇)ဦးလိုက်ပါလာခဲ့ပါတယ် ခလေးနှစ်ဦး လူကြီး နှစ်ဦးဟာ ရေစီးနဲ့ အတူ မျောပါသွားခဲ့ပြီးပျောက်ဆုံးနေကြောင်း ကျန် ခရီးသည် (၄ )ဦးကတော့ ထိုင်းနိုင်ငံဘက် ကမ်းပါးကို ကူးလာနိုင်ခဲ့ကြောင်း
ထိုင်းသတင်းတွေ မှာဖေါ်ပြနေပါတယ်။
မိုးတွင်းကာလအတွင်း မြစ် ရေစီးသန်တဲ့ အချိန်မှာ အောက်က ကျောက်တုံးတွေကြောင့် မြစ်ကြောင်းဟာ ရေစီး အနိမ့်အမြင့်နဲ့ အရှိန်ပြင်းပြင်း စီးနေတဲ့ အချိန်ဖြစ်ပါတယ်။
လှေပေါ်ပါလာသူအားလုံးဟာ အသက်ကယ် ဘော အ၀တ်အစားတွေ ၀တ်ဆင်ထားကြတာကြောင့် ပျောက်ဆုံးနေတဲ့ လေးဦး ဟာ အသက်ရှင်နေဆဲလို့  ယူဆရပါတယ်။
ထိုင်းနိုင်ငံ က ကယ်ဆယ်ရေးအဖွဲ့ တွေဟာပျောက်ဆုံးနေသူတွေကို မြစ်ကြောင်တလျှောက် လိုက်လန် ရှာဖွေနေကြပါတယ်။
Social Action for Women - SAW
ထိုင်းမြန်မာ နယ်ခြား မယ်သဝေါ မှာ ထိုင်းစက်လှေနစ်မြုပ် လေးဦးပျောက်ဆုံး
Reviewed by THITHTOOLWIN
on
11:36
Rating:
