အောင်စိုးမိုးကျော်အမြန်ရေယာဉ် နစ်မြုပ်မှုမှာ သေဆုံးသူတွေ ၀တ်ဆင်ထားတဲ့ ရွှေထည်များ သက်ဆိုင်ရာပိုင်ရှင်တွေထံ ပြန်လည်အပ်နှံနေ


အောင်စိုးမိုးကျော်အမြန်ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးခဲ့ကြသူတွေ ၀တ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို သက်ဆိုင်ရာပိုင်ရှင်တွေပြန်ရနိုင်ဖို့ သေချာသိမ်းဆည်းထားပြီး ပြန်လည်ပေးအပ်နေတယ်လို့ ကနီမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေးက 5 Plus ကိုပြောပါတယ်။

 သေဆုံးသူတွေရဲ့ အလောင်းတွေကို နံပါတ်စဉ်တပ်ထားပြီး ၀တ်ဆင်ထားတဲ့ ရွှေတွေကိုလည်း နံပါတ်စဉ်အလိုက် သိမ်းဆည်းထား တာဖြစ်တယ်လို့ ဆိုပါတယ်။

 အလောင်းတွေကို လာရောက်စောင့်ဆိုင်းနိုင်တဲ့ ပိုင်ရှင်တွေကိုတော့ ချက်ချင်းပေးပြီး မလာနိုင်တဲ့ ရပ်ဝေးကပိုင်ရှင်တွေကတော့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ လာရောက်ထုတ်ယူနိုင်ဖို့ စီစဉ်ထားတယ်လို့ ဦးရွှင်ဌေးက ဆိုပါတယ်။

အလောင်းတွေလာရောက် စောင့်ဆိုင်းနိုင်တဲ့သူတွေကိုတော့ ပိုင်ရှင်ရဲ့သဘောဆန္ဒအလျောက် မြေမြှုပ်ခြင်း (သို့) သဂြိုလ်ခြင်းတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ရေယာဉ်ဆယ်ယူမှုနဲ့ အလောင်းရှာဖွေမှုမှာ ပါဝင်တဲ့သူတွေဟာ အလောင်းတွေရဲ့ ပုံပန်းသဏ္ဌာန်တွေနဲ့ ရရှိထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ကတစ်ဆင့်ဖော်ပြပြီး တိုက်ဆိုင်စစ်ဆေးကာ ပိုင်ရှင်တွေရဲ့ ဆက်သွယ်မှုပေါ်မူတည်ပြီး သူတို့ရဲ့ သဘောဆန္ဒအလျောက်မြေမြုပ်ခြင်း (သို့) သဂြိုလ်ခြင်းတွေ လုပ်ဆောင်ပေးနေပါတယ်။


အောင်စိုးမိုးကျော်အမြန်ရေယာဉ်နစ်မြုပ်မှုမှာ ခရီးသည် (၃၀၀)နီးပါးရှိပြီး (၁၅၄)ယောက်ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ပျောက်ဆုံးနေသူတွေကိုတော့ ဆက်လက်ရှာဖွေရာ အလောင်း (၇၄)လောင်းကို ဒီနေ့ (အောက်တိုဘာလ ၂၀)ရက် နေ့လည် (၁၂)နာရီအထိ ဆယ်ယူပြီးဖြစ်တယ်လို့ ဦးရွှင်ဌေးက ဆိုပါတယ်။

ဓာတ်ပုံ- ဦးရွှင်ဌေး
5 Plus News
https://www.facebook.com/5plusnews
အောင်စိုးမိုးကျော်အမြန်ရေယာဉ် နစ်မြုပ်မှုမှာ သေဆုံးသူတွေ ၀တ်ဆင်ထားတဲ့ ရွှေထည်များ သက်ဆိုင်ရာပိုင်ရှင်တွေထံ ပြန်လည်အပ်နှံနေ  အောင်စိုးမိုးကျော်အမြန်ရေယာဉ် နစ်မြုပ်မှုမှာ သေဆုံးသူတွေ ၀တ်ဆင်ထားတဲ့ ရွှေထည်များ သက်ဆိုင်ရာပိုင်ရှင်တွေထံ ပြန်လည်အပ်နှံနေ Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.