လက်ကျန်ရာထူး အရှိန်အဝါသုံး၍ ရဲတပ်ကြပ်တဦးအား ပါးရိုက်ခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးကို အမှုဖွင့်တိုင်တန်း

ထိုးကြိတ်ရိုတ်နှုက်ခံခဲ့ရသော ရဲတပ်ကြပ် ကျော်ကျော်လှိုင်အားတွေ့ရပုံ။
ကသာမြို့ ဂေါက်ကွင်းတွင် အောက်တိုဘာလ (၃၀) ရက်နေ့က ဂေါက်ရိုက်ပြိင်ပွဲကျင်းပခဲ့ရာ မြို့မ ရဲစခန်းတွင် ရဲမြို့နယ်မှူးတာဝန် ထမ်းဆောင်နေသည့် အငြိမ်းစား ခံစားခွင့် (၄) လ ယူထားသော ရဲမြို့နယ်မှူးတဦးမှ ရဲတပ်ကြပ်တဦးအား နိုင်ထက်စီးနင်းပြုကျင့် ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည် ။

"မနေ့က ဂေါက်ရိုက်ပြိုင်ပွဲမှာ စက်ဆင်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ခေတ္တခရိုင်ရဲမှူးဆီမှာ အကူအညီ တောင်းတဲ့အတွက် ခရိုင်မှူးရဲ့ ခိုင်းစေချက်အရ ကျွန်တော့်အနေနဲ့ Projector လုပ်ပေးခဲ့ရပါတယ်။ ည (၉း၁၅) လောက်မှာ တပ်ဆင်ထားတဲ့ စက်တွေကိုသိမ်းတဲ့အခါ ရဲမှူးကျော်အောင်မြင့်မှ မင်းက ဘာလို့သိမ်းတာလဲလို့ မေးတဲ့အတွက် အခမ်းအနားပြီဆုံးလို့ သိမ်းခြင်းဖြစ်ကြောင်း ပြောတာမှာ " မင်းက ဘာလဲ၊ မင်းအဆင့်က ဘာလဲ" ဆိုပြီး ပါးကို (၂) ချက် ရိုက်ခံခဲ့ရပါတယ်။ ရဲမှူးအနောက်ကပါလာတဲ့ အရပ်သား (၂) ဦးပါ ဝိုင်းဝန်းထိုးကြိတ်ခဲ့ပါတယ်။ တကယ်ဆို ရဲမှူးအနေနဲ့ အငြိမ်းစားခံစားခွင့် (၄) လ ခွင့်ယူထားပြီးဖြစ်တဲ့အတွက် ဘာတာဝန်မှ မရှိတော့ပါဘူး။ သိမ်းချိန်ရောက်နေပြီဖြစ်လို့သိမ်းတာကို ရန်ရှာပြီး နိုက်ထက်စီးနင်းပြုကျင့် ထိုးကြိတ်ခြင်း ခံခဲ့ရတာပါ "ဟု ရဲတပ်ကြပ် ကျော်ကျော်လှိုင်က ပြောသည် ။

ယင်းဖြစ်စဉ်အား ရဲတပ်ကြပ် ကျော်ကျော်လှိုင် လ- ၂၁၀၁၇၀ မှ (၃၁.၁၀.၂၀၁၆) ရက်နေ့ နံနက် (၁း၃၀) နာရီ အချိန်က အမှုဖွင့် တိုက်တန်းထားကြောင်း ကသာမြို့မရဲစခန်းမှ သိရသည် ။

သီဟဆွေ(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
လက်ကျန်ရာထူး အရှိန်အဝါသုံး၍ ရဲတပ်ကြပ်တဦးအား ပါးရိုက်ခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးကို အမှုဖွင့်တိုင်တန်း  လက်ကျန်ရာထူး အရှိန်အဝါသုံး၍ ရဲတပ်ကြပ်တဦးအား ပါးရိုက်ခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးကို အမှုဖွင့်တိုင်တန်း Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.