အကြမ်းဖက်စီးနင်းသူ တစ်ဦး ထပ်မံ ဖမ်းဆီးရမိ


နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်လျက်ရှိသည့် စခန်းများအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ချဉ်းကပ်သဖြင့် ပစ်ခတ် ရှင်းလင်း၊ အကြမ်းဖက်စီးနင်းသူ တစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင်အမှတ် (၄၈)အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်လျက်ရှိသည့် ကင်းစခန်းအား အောက်တိုဘာ ၁၃ ရက် နံနက် ၃နာရီ မိနစ်၂ဝခန့်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက် သူများသည် မြောက်ဘက်ခြံစည်းရိုး လျှိုအနီးမှ ချဉ်းကပ် လာသဖြင့် ပစ်ခတ်ခဲ့ရာ နံနက် ၅နာရီခွဲခန့်တွင် လျှိုအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။


အလားတူ နံနက် ၃ နာရီ မိနစ် ၄ဝ ခန့်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗန္ဓုလစခန်း၏ အနောက်ဘက်မှ စခန်းဘက်သို့ ဦးတည်လာသည့် ဓာတ်မီးရောင်များကြောင့် ပစ်ခတ်ခဲ့ရာ မီးရောင်များပျောက်၍ နံနက် ၅ နာရီခွဲ ခန့်တွင် ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။


ထို့အတူ ယနေ့ညနေ ၃ နာရီ ၁၅မိနစ်ခန့်တွင် တပ်မတော် စစ်ကြောင်းသည် ဇင်ပိုင်ညာကျေးရွာတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် မသင်္ကာဖွယ် မာမွတ်အီဆု(ဘ) အလီဟူဆောင်း၏ နေအိမ်အား ဝင်ရောက်ရှင်းလင်းရာ ၎င်း နောက်ကျောတွင် ထိုးထားသည့် အရိုး/ အသွား၂ ပေခန့်ရှိ ဦးချွန်ဓားတစ်ချောင်းနှင့် ၎င်းထိုင်သည့် ဖျာအောက်မှ အရိုး/ အသွား ၂ ပေခန့်ရှိ ဓားသုံးချောင်းတို့ကို သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ ကျေးရွာအတွင်း ဆက်လက် ရှင်းလင်းရာ အရိုး/အသွား ၂ ပေခန့်ရှိ ဦးချွန်ဓား ၃၆ ချောင်း တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
အကြမ်းဖက်စီးနင်းသူ တစ်ဦး ထပ်မံ ဖမ်းဆီးရမိ  အကြမ်းဖက်စီးနင်းသူ တစ်ဦး ထပ်မံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:59 Rating: 5
Powered by Blogger.