နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦးအား ဂုဏ်ပြု အခမ်းအနားဖြင့် သင်္ဂြိုလ်


မောင်တော၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောနယ်စပ်တွင် နယ်ခြားစောင့်စခန်း (၃)ခု တိုက်ခိုက်ခံရမှု၌ကျဆုံးသွားသည့် တပ်ဖွဲ့ဝင် ၉ ဦးအား ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် အခမ်းအနားဖြင့် ဂုဏ်ပြု သင်္ဂြိုလ်ခဲ့သည်။

ယနေ့ ညနေ ၄ နာရီခန့်တွင် မောင်တောသုဿာန်၌ သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ကျဆုံးသွားသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများအား အလေးပြုကာ ခရာမှုတ်၍ ဂုဏ်ပြု သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးနှင့် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။


ယခုကျဆုံးသွားသည့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ညဥ့် ၁ နာရီကျော်ခန့်က မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်၊ ငခူရနယ်ခြားစောင့်စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြမ်းဖက် သောင်းကျန်းသူများနှင့် ဒေသခံ ဘင်္ဂလီများ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသူများဖြစ်သည်။

(ဓာတ်ပုံ/ နိရဉ္စရာ- ခိုင်ထူးမြတ်)
မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦးအား ဂုဏ်ပြု အခမ်းအနားဖြင့် သင်္ဂြိုလ်  နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦးအား ဂုဏ်ပြု အခမ်းအနားဖြင့် သင်္ဂြိုလ် Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.