အင်းဝအုပ်ချုပ်ဆိုင်အမှုကို ရက်ရွှေ့

အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို အောက်တိုဘာလ ၆ ရက်နေ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စဉ်။ Photo: Htet Arkar/RFA
အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို ဒီကနေ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အင်းဝ အုပ်ချုပ်ဆိုင်ဖက်က ရှေ့နေမစုံတာကြောင့် အမှုကို မစစ်ဆေးဘဲ လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။

အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်ဆွေဆွေလှိုင်က လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ ရုံးချိန်းမှာ ရှေ့နေ မစုံရင်လည်း အမှုကို စတင်စစ်ဆေးတော့မယ်လို့ တရားခွင်မှာ ပြောကြားလိုက်ပါတယ်။

ကျူးလွန်ခဲ့သူ ၆ ဦးစလုံးကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေထဲမှာ လူကုန်ကူးမှု ပုဒ်မ၂၉ ပါနေတာကြောင့် စွပ်စွဲခံရသူတွေဘက်က ရှေ့နေမစုံရင် အမှုကို စစ်ဆေးလို့မရကြောင်း ဒေါ်ဆွေဆွေလှိုင်က ပြောပါတယ်။

အင်းဝအပ်ချုပ်ဆိုင်က ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်းနဲ့ မသီရိလတ် တို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆(ဃ)တို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီကနေ့ တရားရုံးမှာ ၃ ဦးအတွက် ရှေ့နေ ၂ ဦးသာ ရောက်ရှိခဲ့ပြီး ကျန် ၃ ဦးအတွက် ရှေ့နေတွေ မရောက်ရှိခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ