ဆီးရီးယားနိုင်ငံရှိ အမေရိကဒုံးကျည်များကို ပစ်ချဖွယ်ရှိကြောင်း ရုရှားသတိပေး


မော်စကို၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် အမေရိကန်က ဒုံးကျည်များဖြင့် ဆီးရီးယားအစိုးရတပ်ဖွဲ့ ဝင်များကို ဆန့် ကျင်တိုက်ခိုက်လာပါက ၄င်းဒုံးကျည်များအား ပစ်ချသွားနိုင်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်တွင် သတိပေးပြောကြားလိုက်သည်။

“ ရုရှားနိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ဟာ ဆီးရီးယားနိုင်ငံမှာ ဝဲပျံလာမယ့် ဒုံးကျည်တွေကို ပစ်ချဖို့ အချိန်ကျရောက်နေပြီဆိုတာကို တစ်စုံတစ်ယောက်က ကောင်းကောင်းနားလည်ထားဖို့ သတိပေးချင်ပါတယ်” ဟု ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Igor Konashenkov ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

China Xinhua News

ဆီးရီးယားနိုင်ငံရှိ အမေရိကဒုံးကျည်များကို ပစ်ချဖွယ်ရှိကြောင်း ရုရှားသတိပေး ဆီးရီးယားနိုင်ငံရှိ အမေရိကဒုံးကျည်များကို ပစ်ချဖွယ်ရှိကြောင်း ရုရှားသတိပေး Reviewed by THITHTOOLWIN on 02:11 Rating: 5
Powered by Blogger.