ဘန်ကောက်မြို့ မှာ အကြမ်းဖက်တိုက်ရန် ပြင်ဆင်နေသူ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံရ


၂၁-၁၀-၂၀၁၆

ထိုင်းနိုင်ငံ ဘန်ကောက်ပိုစ့် (bangkokpost.) သတင်းမှာ ဖေါ်ပြထားတဲ့ ထိုင်းလုံခြုံရေးကောင်စီဟာ ယခုလ အောက်တိုဘာလ (၁၀) ရက်နဲ့ ( ၁၅ )ရက်တွေမှာ ထိုင်းတောင်ပိုင်းကနေ လာရောက် နေထိုင်နေကြတဲ့ ကျောင်းသား လူငယ် (၄၄) ယောက်ကို ဘန်ကပိနယ်မြေ ရန်ကန်ဟန် တက္ကသိုလ် အနီးတ၀ိုက်က တိုက်ခန်းတွေမှာ ၀င်ရောက် ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့  Thai Academic Network for Civil Rights (TANC), အဖွဲ့ က ထုတ်ပြန်ထားပါတယ်။


ထိုင်းအာဏာပိုင်တွေ တရားဝင် ထုတ်ပြန်ထားတာ ကတော့ (၁၄)ဦးကိုသာ ဖမ်းဆီး ထိမ်းသိမ်းခဲ့တယ်လို့  ဆိုပါတယ်။ ဖမ်းဆီးထားတဲ့သူတွေမှာ (၅)ဦးဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပါတ်သက်နေတာတွေ့ ရကြောင်း၊ ဖမ်းဆီးထားတဲ့ သူတွေမှာ မူဆလင် လူငယ်တွေပါဝင်ပြီး တောင်ပိုင်း ပတ္တနီပြည်နယ် စစ်တပ် စုံးစမ်းစစ်ဆေးရေးစခန်းကို ပို့ လိုက်ပြီလို့  သိရပါတယ်။

ယခုလ ဆန်းပိုင်းက ဘန်ကောက်မြို့  သုံးနေရာမှာ ကားဗုံးဖေါက်ခွဲဘို့  ပြင်ဆင်နေတာကို ကြိုတင် သိသွားခဲ့ပြီးတဲ့နောက် ခုလို ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်လာတာပါ။ ဒါအပြင် ဘန်ကောက် မြို့ တော်အတွင်းက မူဆလင်ကျောင်းသားတွေ ရှိနေ ကြတဲ့ ကျောင်းတွေကိုလည်း စုံစမ်းထောက်လှမ်းမှုတွေ လုပ်နေခဲ့ကြတာ ကို လည်း ဖေါ်ပြထားပါတယ်။

Bangkok Post
Social Action for Women - SAW
ဘန်ကောက်မြို့ မှာ အကြမ်းဖက်တိုက်ရန် ပြင်ဆင်နေသူ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံရ  ဘန်ကောက်မြို့ မှာ အကြမ်းဖက်တိုက်ရန် ပြင်ဆင်နေသူ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.