ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ (၁၇) ထိ မမိသေးတဲ့ အမှုတွဲ (၇) မှုရှိ
ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဒီနှစ် အောက်တိုဘာ ၁၇ရက်နေ့ထိ လူသတ်မှုပေါင်း ၁၃၇မှု ဖြစ်ခဲ့ပြီးမမိသေးတဲ့ အမှုတွဲ ၇မှုရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောကြား သွားခဲ့တာဖြစ်ပါတယ်။ မမိသေးတဲ့အမှုတွေကတော့ အောက်ပါ အမှုတွေဖြစ်ပါတယ်။
၁။ ဒေါပုံမြို့နယ်ကမြောင်းစပ်မှာ ဦးခေါင်းဖြတ်အသတ်ခံရတဲ့ ကလေးမလေး အမှု
၂။သုံးခွမြို့နယ် ချောင်းဘေးမှာဒါဏ်ရာတွေနဲ့သေနေတဲ့ ဦးကျော်သိန်းဆွေအမှု
၃။မင်္ဂလာဒုံ ဘီအီးယန္တယားတပ်ရှေ့ အငှားယာဉ်ပေါ်မှာ ဓားဒဏ်ရာတွေ နဲ့သေနေတဲ့ဦးမြင့်ဆွေအမှု
၎။မင်္ဂလာဒုံက ရဲဝန်ထမ်းဟောင်းမိသားစု လေးဦးအသတ်ခံရမှု
၅။မှော်ဘီ မြောင်းတကာစက်မှုဇုန်ထဲကနေအိမ်မှာလည်ပင်းပြတ်ရှဒါဏ်ရာ
နဲ့သေဆုံးနေတဲ့ဒေါ်ဌေးဌေးမြင့်အမှု
၆။မရမ်းကုန်း ဦးဘဟန်လမ်းပေါ်မှာ တက္ကစီပေါ်မှာထိုးသွင်းဒဏ်ရာ နဲ့သေဆုံးနေတဲ့ ယာဉ်မောင်းဦးဝင်းလှိုင် အမှု
၇။အဖျောက်မြို့မှာလူမနေတဲ့ခြံအတွင်း ရေအိုင်စပ်မှာ မှောက်လျှက်သေဆုံးနေတဲ့ မမြင့်မိုးနွယ်အမှုတို့ပဲဖြစ်ပါတယ်။
5 Plus News
https://www.facebook.com/5plusnews
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှု အမှုတွဲ (၇) မှု မဖော်ထုတ်နိုင်သေး
Reviewed by THITHTOOLWIN
on
16:07
Rating:
