![]() |
HKI Europe Paris ဥက္ကဌ Dr. Howard Cohn က ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၇ ရက်နေ့က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသူဆု ပေးအပ်စဉ်။ Photo: Win Naung Toe/RFA |
အဲဒီဆုကို ၂ဝ၁၃ ခုနှစ်မှာ ဟီလာရီကလင်တန်၊ ၂ဝ၁၄ ခုနှစ်မှာ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ တွမ်အာနိုး တို့ရယူခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
Helen Keller ဟာ အမေရိကန်ရဲ့ ပထမဆုံးဝိဇ္ဇာဘွဲ့ရရှိခဲ့တဲ့ မျက်မမြင်၊ နားမကြား၊ မသန်စွမ်းပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်။
Helen Keller International ကို ၁၉၅၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး Humanitarian Award ကို ၂ဝဝ၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား လူသားချင်းစာနာထောက်ထားမှုကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းအလိုက်ပေးအပ်တဲ့ ဆုအမျိုးအစားကို ဒေါ်အောင်ဆန်း စုကြည် က ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို နိုင်ငံတကာလူသားချင်း စာနာထောက်ထားသူဆု ပေးအပ်
Reviewed by THITHTOOLWIN
on
20:46
Rating:
