တွံတေး၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေ ကိုးဦး ဒဏ်ရာရ


တွံတေး အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကံရွာကျေးရွာအုပ်စု အိုင်ကြီးကျေးရွာ တွံတေး-လှိုင်သာယာကားလမ်းပေါ်၌ ယာဉ်နှစ်စီးမျက်နှင်ချင်းဆိုင် တိုက်မှု အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမှ တွံတေး- လှိုင်သာယာ ကားလမ်းအတိုင်း ယာဉ်မောင်း မောင်ဇော် (၃၆ နှစ်) အမှတ် (၄၃၇) တေးဥယျာဉ် (၃) လမ်း (၇) ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသော 4E/---- ပရိုဘောက် အငှားယာဉ်နှင့် တွံတေးမြို့ဘက်ခြမ်းမှ မောင်းနှင်လာသော ယာဉ်မောင်း ဝင်းဇော်ဦး(ခ) အညာသား (၂၅ နှစ်) လေးအိမ်တန်းကျေးရွာ ကျိုက်လပ်မြို့နယ် နေသူ မောင်းနှင်လာသော 1E/---- ယာဉ်တို့သည် တွံတေး-လှိုင်သာယာ ကားလမ်း အိုင်ကြီးကျေးရွာအနီး၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ပရိုဘောက် ယာဉ်မောင်း မောင်ဇော်တွင် ဒဏ်ရာ များ ရရှိကာ ယာဉ်ပေါ်ပါ ဦးသန်းဇော် (၄၂ နှစ်) အမှတ် ၄၂၈ (က) အောင်တံခွန်လမ်း (၇)ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူမှာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ကာ ကျန်ခုနစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

အလားတူ 1E/--- ယာဉ်မောင်း ဝင်းဇော်ဦး(ခ) အညာသား တွင် (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ အဖြစ် ပို့ဆောင်ကုသခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နှစ်ဦးကို တွံတေးမြို့နယ် ခလောက်ချိုက် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တွံတေး၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေ ကိုးဦး ဒဏ်ရာရ တွံတေး၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေ ကိုးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.