အမြန်ရေယာဉ်နစ်မြုပ်မှုကြောင့် လူဦးရေ (၈၀)ကျော် ပျောက်ဆုံးနေ

နစ်မြုပ်ရေယာဉ်အား ရှာဖွေဆယ်ယူရန် ကရိန်းပါ ရေယာဉ် အခင်းဖြစ်နေရာတွင်ရောက်ရှိနေပြီး ရှာဖွေမှုများစတင်နေပြီဖြစ်သည်။ ဓါတ်ပုံ - စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့

မုံရွာ အောက်တိုဘာ ၁၆

ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီးအောက်တိုဘာလ၁၅ရက်နံနက်အစောပိုင်းတွင်တိမ်းမှောက် နစ်မြုပ်ခဲ့သော အမြန်ရေယာဉ်ဖြင့်လိုက်ပါခဲ့သည့် ခရီးသည် ၈၀ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အောက်တိုဘာလ၁၅ရက်နေ့ညနက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာမှ ရရှိသောစာရင်းများအရ အမြန်ယာဉ်ဟာ လူပေါင်း၂၅၀ကျော်အထိတင်ဆောင်ခဲ့တာဖြစ်ပါတယ်။
အသက်ရှင်ကျန်ရစ်သူ၁၅၉ဦးရှိပြီး ရုပ်အလောင်း၎လောင်းပြန်တွေ့ရှိထားပါတယ်။

ပျောက်ဆုံးမှုစာရင်းများမှမသိရှိသေးသောမိသားစု ဝင်များရှိပါက ထပ်မံတိုးလာနိုင်သေးတယ်လို့ မီးသတ်ဌာနကဆိုပါတယ်။

ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးဖို့ ဝန်ကြီးချုပ်မှကော်မတီဖွဲ့ပေးပြီးဖြစ်ပါတယ်။

Monywa Gazette
https://www.facebook.com/chindwingazet

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ