အိန္ဒိယစစ်သားအဖမ်းခံရပြီးနောက် ပါကစ္စတန်နှင့် စစ်ရေးအထူးတင်းမာ


နိရဉ္စရာ၊ အောက်တိုဘာ ၁

အိန္ဒိယ စစ်သား တစ်ဦးကို ကတ်ရှမီးယား နယ်စပ်မှာ ပါကစ္စတန်ဘက်က ဖမ်းဆီးသွားတဲ့ နောက်ပိုင်းမှာ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု အထူးမြင့်တက်နေတယ်လို့ အိန္ဒိယ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြပါတယ်။

အဲဒီ အိန္ဒိယ စစ်သားဟာ စက်တင်ဘာလ ၂၉ ရက်နေ့က အမူမဲ့အမှတ်မဲ့ နယ်ခြားမျဉ်းကို ကျော်ပြီး ပါကစ္စတန်ဘက်ခြမ်းကို ၀င်ရောက်ရာကနေ ဖမ်းဆီးခံရတာဖြစ်တယ်လို့ အိန္ဒိယ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး Rohan Anand က ပြောတယ်လို့ဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အိန္ဒိယ စစ်သားကိစ္စ စကားပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယစစ်သား ဖမ်းခံရချိန်ဟာ နယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ကတ်ရှမီးယားနယ်စပ်မှာ တိုက်ပွဲဖြစ်ပြီး ပါကစ္စတန်စစ်သားနှစ်ဦး သေဆုံးသွားတဲ့ အတွက် မတည်မငြိမ်ဖြစ်နေတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

ဒီလ အစောပိုင်းကလည်း စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ ကတ်ရှမီးယားနယ်စပ်မှာ အိန္ဒိယ စစ်သား ၁၈ ယောက်သေဆုံးခဲ့ရပြီး အဲဒီနောက်ပိုင်းက စပြီး ကတ်ရှမီးယားနယ်စပ်မှာ တင်းမာနေခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းကြီးကတော့ စိုးရိမ်ကြောင်းနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Narinjara
https://www.facebook.com/Narinjara
အိန္ဒိယစစ်သားအဖမ်းခံရပြီးနောက် ပါကစ္စတန်နှင့် စစ်ရေးအထူးတင်းမာ အိန္ဒိယစစ်သားအဖမ်းခံရပြီးနောက် ပါကစ္စတန်နှင့် စစ်ရေးအထူးတင်းမာ Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.