လိုင်စင်မဲ့ယာဉ်ဟုတ် မဟုတ် အုံနာဘုတ် ၀ှီးတက်နှင့် ယာဉ်တို့ကို က.ည.နတွင် စစ်ဆေးနိုင်


ရန်ကုန် အောက်တိုဘာ ၂၀

လိုင်စင်မဲ့ယာဉ်များအား လိမ်လည်ရောင်းချခြင်းများရှိနေသည့်အတွက် ၀ယ်ယူမည့်မော်တော်ယာဉ်များကို လိုင်စင်မဲ့ယာဉ်ဟုတ်၊ မဟုတ်ကိုသိနိုင်ရန် အုံနာဘုတ်၊၀ှီးတက်တို့ယူဆောင်ကာ လာရောက်စစ်ဆေး နိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ လာရောက်စစ်ဆေးရာတွင်ရောင်းချမည့်သူ သို့မဟုတ် လာရောက်ဆောင်ရွက်သူ၏နိုင်ငံသားမှတ်ပုံတင်၊ ယာဉ်မှတ်ပုံတင်စာအုပ်၊ ၀ှီးတက်နှင့်စစ်ဆေးမည့်ယာဉ်များကို တစ်ပါတည်းယူဆောင်၍လာရောက်စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မော်တော်ယာဉ်မစစ်ဆေးမီပိုင်ရှင်မှန်ကန်မှုမရှိပါက ယာဉ်မှတ်ပုံတင်စာအုပ်နှင့်ယာဉ်တို့ကိုသက်ဆိုင်ရာမှ သိမ်းဆည်းအရေး ယူသွားမည်ဖြစ်သောကြောင့် သိရှိကြောင်းဝန်ခံလက်မှတ်ရေးထိုး ရမည်ဖြစ်သည်။

ထိုကဲ့သို့လုပ်ဆောင်ရခြင်းမှာ မော်တော်ယာဉ်များရောင်းချရာတွင် လိုင်စင်မဲ့ယာဉ်များကို စာအုပ်အတုလုပ်ကာ ရောင်းချခြင်း များရှိနေသည့်အတွက် စစ်ဆေးမှုများပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
လိုင်စင်မဲ့ယာဉ်ဟုတ် မဟုတ် အုံနာဘုတ် ၀ှီးတက်နှင့် ယာဉ်တို့ကို က.ည.နတွင် စစ်ဆေးနိုင်  လိုင်စင်မဲ့ယာဉ်ဟုတ် မဟုတ် အုံနာဘုတ် ၀ှီးတက်နှင့် ယာဉ်တို့ကို က.ည.နတွင် စစ်ဆေးနိုင် Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.