![]() |
ရုရှားသမ္မတ Vladimir Putin |
ပိုလျှံနေတဲ့ လက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယမ်တွေကို စီမံခန့်ခွဲဖို့ အတွက် အမေရိကန် ပြည်ထောင်စု ဘက်က သူ့ရဲ့ ကတိက၀တ်တွေကို လက်တွေ့ မဆောင်ရွက်ခဲ့ဘူးဆိုပြီးလည်း ပြောဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကနဦး စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ သက်တမ်းတိုးခဲ့တဲ့ ဒီသဘောတူညီချက်က နျူးကလီးယား အင်အားကြီး နှစ်နိုင်ငံတို့ အနေနဲ့ ကာကွယ်ရေး အစီအစဉ်တွေကနေ လက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယံတွေ ဖျက်စီးဖို့ ဖြစ်ပါတယ်။
ရုရှား နိုင်ငံခြားရေး ၀န်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၀ ပြည်နှစ် သဘောတူညီချက် အရတော့ တနိုင်ငံချင်းစီက ပလူတိုနီယံ ၃၄ မက်ထရစ်တန်စီကို နျူးကလီးယား ဓာတ်ပေါင်းဖိုတွေမှာ မီးရှိှုပြီး ဖျက်စီးဖို့ ဖြစ်ပါတယ်။ ဒီပမာဏက နျူးကလီးယား လက်နက် ၁ သောင်း ၇ ထောင် တည်ဆောက်နိုင်လောက်တဲ့ ပမာဏ ဖြစ်တယ်လို့လည်း မစ္စစ် ကလင်တန်က ပြောဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နျူးကလီးယားတားဆီးရေး ကန်နဲ့သဘောတူညီမှု ရုရှားဆိုင်းငံ
Reviewed by THITHTOOLWIN
on
06:56
Rating:
