![]() |
( တတိယနိုင်ငံမှာ ခိုလှုံခွင့်ရတဲ့ မြန်မာဒုက္ခသည်တွေကို တွေ့ရစဉ် ) Photo: Yonhap |
အကြမ်းဖက်မှု ဒါမှမဟုတ် ယုံကြည်ချက်အရ ပြုမူဆောင်ရွက်တဲ့အတွက် ပြစ်ဒဏ်ကျခံရမှာကြောင့် နေရပ်ကထွက်ပြေးလာသူတွေနဲ့ မလုံခြုံလို့ နေရပ်မပြန်နိုင်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် နေရာချထားရေး အစီအစဉ်တွေ ဆောင်ရွက်ပေးပါတယ်။
၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ဒုက္ခသည် ရှစ်သောင်းခွဲကို နေရာချထားပေးဖို့ သမ္မတအိုဘားမားက လျာထားပြီး ရှစ်သောင်းလေးထောင့်ကိုးရာကျော် အမေရိကန်အသိုင်းအဝိုင်းက ကြိုဆို လက်ခံခဲ့ပါတယ်။
၇၉ နိုင်ငံက ဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတာဖြစ်ပြီး ၇၀ % ကျော်ဟာ ကွန်ဂို၊ ဆီးရီးယား၊ မြန်မာ၊ အီရတ်နဲ့ ဆိုမာလီနိုင်ငံတွေက ဖြစ်ပါတယ်။
၂၀၁၇ ဘဏ္ဍာရေးနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ ဒုက္ခသည် ဦးရေ တသိန်းတသောင်း လက်ခံပါမယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဒုက္ခသည် ရှစ်သောင်းငါးထောင် အမေရိကန်က ဒီနှစ်ခေါ်မယ်
Reviewed by THITHTOOLWIN
on
09:58
Rating:
