မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ လေအေးပေးစက် အပူလွန်ကဲရာမှ မီးလောင်


မန္တလေး အောက်တိုဘာ ၅

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အကွက် ၇ဝ၃ မောရဂီဝါရပ်ကွက် ၃၄ လမ်း၊ ၇၃x၇၄ လမ်းကြားရှိ ရွှေအိုး(၂)ဒိန်ချဉ်နှင့် မုန့်တီအရောင်းဆိုင်၌ အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီခွဲက လေအေးပေးစက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကိုLevel 2အဆင့်အဖြစ် သတ်မှတ်ပြီး မန္တလေးမြို့ပေါ်ရှိ မီးသတ်ယာဉ် ၃ဝ ၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၃ဝ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၉ဝ တို့နှင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွား ကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၃၅ x၅၄ x ၁၂)ပေရှိ တစ်ထပ်တိုက် သွပ်မိုး၊ ပျဉ်ကာဆိုင်ခန်း တစ်ခန်းနှင့် ဆိုင်သုံးပစ္စည်းအချို့ မီးလောင်ခဲ့ပြီး မီးပေါ့ဆစွာအသုံးပြုခဲ့သူ ဆိုင်တာဝန်ခံ ဦးဇော်မျိုးသိန်းကို ချမ်းအေးသာစံမြို့နယ် အမှတ်(၈) မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ လေအေးပေးစက် အပူလွန်ကဲရာမှ မီးလောင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ လေအေးပေးစက် အပူလွန်ကဲရာမှ မီးလောင် Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.