ပူတင် ကို ထရမ့် အားကျနေတယ် လို့ အိုဘားမားပြော

သမ္မတလောင်း တစ်ယောက်က ရုရှ နိုင်ငံရဲ့ မူဝါဒ တွေ ကို ချီးကျူး ပြောဆိုနေတာ ဟာ နိုင်ငံရေး လောကရဲ့ မကြုံစဖူး တဲ့ ဖြစ်စဉ် လို့လည်း အိုဘားမား က ပြော
ရီပက်ဘလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် ဟာ ရုရှ သမ္မတ ဗလာဒီမီယာ ပူတင် ရဲ့ မူဝါဒ တွေကို အတုယူစံထား နေတယ်လို့ သမ္မတ အိုဘားမား က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

အမေရိကန် သမ္မတလောင်း တစ်ယောက်က ရုရှ နိုင်ငံရဲ့ မူဝါဒ တွေ ကို ချီးကျူး ပြောဆိုနေတာ ဟာ နိုင်ငံရေး လောကရဲ့ မကြုံစဖူး တဲ့ ဖြစ်စဉ် လို့လည်း အိုဘားမား က ပြောပါတယ်။

အကယ်၍ သူသာ အမေရိကန် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံရရင် ရုရှ နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင် သွားမယ်လို့ ဒေါ်နယ် ထရမ့်က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ် ထရမ့် အနေနဲ့ အမေရိကန် သမ္မတလောင်း ရွေးပွဲမှာ မဲ မသမာ မှုတွေ ရှိနေတယ်လို့ ပြောကြား နေမယ့် အစား အမေရိကန် ပြည်သူတွေ အတွက် သူ ဘာတွေ လုပ်ဆောင်မယ် ဆိုတာကိုပဲ အဓိကထား ပြောသင့်တယ်လို့ သမ္မတ အိုဘားမား က ဝေဖန် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ