ကလေးငယ် (၃)ဦးအား သတ်သည့် ပရောဂဆရာအား ဖမ်းဆီးအရေးယူ

တွံတေးမြို့နယ်၌ ကလေးငယ်များအား သရဲ/တစ္ဆေများ ၀င်ပူးနေသည်ဟု
ပြောဆို၍ ကုသပေးမည်ဟုပြောဆိုကာ ဒဏ်ရာရ၊ သေဆုံးအောင်ပြုလုပ်သူ
အမျိုးသားအား ဖမ်းဆီးအရေးယူ
ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အမျိုးသားတစ်ဦးမှ ကလေးငယ်
များအား သရဲပူးနေသဖြင့် ကုသပေးမည်ဟုပြောဆိုကာ ခြေထောက်ဖြင့်
ကန်ခြင်း၊ တက်နင်းခြင်း၊ လက်သီးဖြင့်ထိုးခြင်း များပြုလုပ်ခဲ့သဖြင့် ကလေး
ငယ် ၃ ဦးသေဆုံးခဲ့ပြီး ၁ ဦးမှာဒဏ်ရာရရှိခဲ့သဖြင့် တွံတေးမြို့နယ်ဆေးရုံ၌
ဆေးကုသမှုခံယူနေရကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ်နေ ကိုစိုးမင်းသည် ဧရာဝတီတိုင်းဒေသကြီး၊
မအူပင်မြို့နယ်သို့ သွားရောက်အလုပ်လုပ်ကိုင်နေရာမှ ခင်မင်ရင်းနှီးသူ
မအူပင်မြို့နယ်နေ ထွန်းနိုင်၊ ၃၀ နှစ်နှင့်အတူ ၁၈.၁၀.၂၀၁၆ ရက်နေ့
၁၁၀၀ အချိန်ခန့်တွင် နေအိမ်သို့ရောက်ရှိလာကြောင်း၊ ထွန်းနိုင်မှ နေအိမ်
၌ သရဲ/တစ္ဆေများရှိနေကြောင်းနှင့် ၎င်းမှရှင်းပေးမည်ဖြစ်ကြောင်းပြောဆို
ကာ တစ်ခြံတည်းနေ အစ်ကိုဖြစ်သူများဖြစ်သော ကိုနိုင်ဝင်း၏မိသားစုဝင်
၅ ဦး၊ ကိုအောင်စိုးမိုး၏မိသားစုဝင် ၅ ဦး၊ ညီဖြစ်သူ ကိုမြမင်းစိုး၏ မိသားစုဝင်
၎ ဦးတို့နှင့် ကိုစိုးမင်း၏မိသားစုဝင် ၅ ဦး၊ စုစုပေါင်း ၁၉ ဦးတို့အား အစ်ကို
ဖြစ်သူ ကိုအောင်စိုးမိုး၏နေအိမ်တွင် စုစည်းနေထိုင်စေခဲ့ကြောင်းသိရှိရ
ပါသည်။

၎င်းနောက် ထွန်းနိုင်မှ စည်းချထားပြီးဖြစ်၍ အပြင်သို့ထွက်မရတော့ကြောင်း
ပြောဆိုကာ ညီဖြစ်သူ ကိုမြမင်းစိုး၏ အသက် ၃ နှစ်အရွယ်သားဖြစ်သူ
နေလလင်း(ခ)တစ်တိုတွင် သရဲဝင်ပူးနေကြောင်းပြောဆိုပြီး ခြေထောက်
ဖြင့်ကန်ခြင်း၊ တက်နင်းခြင်း၊ လက်သီးဖြင့်ထိုးခြင်းများပြုလုပ်ခဲ့သဖြင့်
၎င်းကလေးငယ်မှာ ယင်းနေ့ ၂၄၀၀ အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း၊
၁၉.၁၀.၂၀၁၆ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် ထွန်းနိုင်မှ ကလေးငယ်၏
အလောင်းအား တွံတေးတူးမြောင်းအတွင်းသို့ လှေဖြင့်သွား ရောက်စွန့်ပစ်
ခဲ့ကြောင်း၊ ထို့နောက် ကိုစိုးမင်း၏ အသက် ၂ နှစ်အရွယ်သမီးငယ်ဖြစ်သူ
မလှနှင်းရွှေ၊ ၄ နှစ်အရွယ်သမီးဖြစ်သူ မသင်းသင်းစိုးနှင့် အစ်ကိုဖြစ်သူ
ကိုအောင်စိုးမိုး၏ အသက် ၈ လအရွယ်သမီးဖြစ်သူ မယမင်းတို့တွင်လည်း
သရဲ/တစ္ဆေများဝင်ပူးနေကြောင်းပြောဆိုကာ ကလေးများအား ခြေထောက်
ဖြင့်ကန်ခြင်း၊ တက်နင်းခြင်း၊ လက်သီးဖြင့်ထိုးခြင်းများပြုလုပ်ခဲ့ရာ ယင်းနေ့
၂၂၀၀ အချိန်ခန့်တွင် မလှနှင်းရွှေနှင့် မယမင်းတို့(၂)ဦးမှာ သေဆုံးသွားခဲ့
သဖြင့် ထွန်းနိုင်မှ ၂၀.၁၀.၂၀၁၆ ရက်နေ့ ၀၇၀၀ အချိန်တွင် အစ်ကိုဖြစ်သူ
ကိုအောင်စိုးမိုး၏နေအိမ်ဘေးတွင် မြေမြှုပ်ခဲ့ကြောင်း၊ ယင်းနောက်
မသင်းသင်းစိုးအား ခြေထောက်ဖြင့်ကန်ခြင်း၊ တက်နင်းခြင်း၊ လက်သီးဖြင့်
ထိုးခြင်းများ ဆက်လက်ပြုလုပ်ခဲ့သည့်အပြင် ပုဆိန်ဖြင့်ထုခြင်းများပြုလုပ်
ခဲ့သဖြင့် မသင်းသင်းစိုးတွင် ၀ဲ/ယာပါး ဖူးရောင် ပွန်းခြစ်ဒဏ်ရာ၊ ၀ဲ/ယာ
လက်နှစ်ဘက်၊ အပေါ်နှုတ်ခမ်း၊ မျက်ခုံးတို့တွင် ဖူးရောင်ဒဏ်ရာများရရှိ
ခဲ့ပြီး တွံတေးမြို့နယ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် သရဲဝင်ပူးကြောင်းပြောဆိုကာ ကလေးငယ်
များအား ဒဏ်ရာရ၊ သေဆုံးအောင်ပြုလုပ်သူ ထွန်းနိုင်အပေါ်အရေးယူပေး
ရန် ကိုစိုးမင်းမှ တိုင်တန်းချက်အရ တွံတေးမြို့မရဲစခန်း (ပ)၆၄၂/၂၀၁၆၊
ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၅/၂၀၁ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ
ထွန်းနိုင်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ကလေးငယ် (၃)ဦးအား သတ်သည့် ပရောဂဆရာအား ဖမ်းဆီးအရေးယူ ကလေးငယ် (၃)ဦးအား သတ်သည့် ပရောဂဆရာအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.