ဓားဒဏ်ရာများဖြင့် အမျိုးသမီးတဦးကို ကားပေါ်မှပစ်ချသွား


 အောက်တိုဘာ ၂၂ ရက် မနက် ၈ နာရီ ၄၅ အချိန်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမ ညောင်ပင်မှတ်တိုင် ယမုံနာလမ်းသွယ်တွင် ဓားဒဏ်ရာများဖြင့် အမျိုးသမီးတဦးကို ကားပေါ်မှ ပစ်ချသွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ အမျိုးသမီးမှာ မစန္ဒာလွင် (အသက်၁၈နှစ်) မ/၄၄၅ ဆရာစံလမ်း မြောက်ဒဂုံ ၃၃ ရပ်ကွက် တွင်နေထိုင်သူဟုသိရပြီး သူမ လမ်းလျှောက်နေစဉ် ကားပေါ်ဆွဲတင် မောင်းပြေးပြီး ဓါးထောက်၍ အဓမ္မပြုကျင့်ရန်ကြံစည်ခံရခြင်း ဖြစ်သည်ဟုဆိုသည်။


မစန္ဒာလွင်မှာ လည်ပင်းဓါးဒဏ်ရာ ၂ ချက် ဘယ်ဘက်လက် ဓားဒဏ်ရာ ၂ ချက် ဦးခေါင်းရိုက်နှက်ဒဏ်ရာ ၁ ချက်ရရှိသဖြင့် ပုလဲမြို့အရန်မီးသတ်တပ်ဖွဲ့မှ အချိန်မီ ရှေးဦးသူနာပြုမှုများပြုလုပ်ပေးခဲ့ပြီး မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ရတနာဆီဆိုင်မှ အရောင်းဝန်ထမ်းများမှ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့သို့ အချိန်မီ ဆက်သွယ်သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Htin Lin Aung (ပုလဲမြို့အရန်မီးသတ်တပ်ဖွဲ့)
ဓားဒဏ်ရာများဖြင့် အမျိုးသမီးတဦးကို ကားပေါ်မှပစ်ချသွား  ဓားဒဏ်ရာများဖြင့် အမျိုးသမီးတဦးကို ကားပေါ်မှပစ်ချသွား Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.