ထွေအုပ်တွေ အလှူငွေကောက်ခံခြင်း မပြုရ


ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေ အနေနဲ့ ပွဲလမ်းသဘင်တွေကို အကြောင်းပြ ပြီး ငွေကြေးကောက်ခံတာတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေရှိရင် အရေးယူသွားမှာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးတာကို ဖြေကြားပါတယ်။

ရွှေဘိုမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က ဆယ့်နှစ်လရာသီ ပွဲတော်တွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးရာမှာ ပွဲလမ်းသဘင်တွေအတွက် အလှူငွေကောက်ရာမှာ အကတိ လိုက်စားမှုတွေ ဖြစ်နိုင်ကြောင်း ဆွေးနွေးရာမှာ ပြည်ထဲရေးဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေဆိုခဲ့တာပါ။

ရာသီအလိုက်ပွဲတော်တွေ နိုင်ငံတော်အထိမ်းအမှတ် ပွဲတွေကျင်းပဖို့ရာ သီးသန့်ရန်ပုံငွေမရှိတဲ့အတွက် ဌာနဆိုင်ရာ ဝန်ထမ်းတွေထံကနေ အချိုးကျအလှူငွေကောက်ခံသလို လုပ်ငန်းရှင်တွေထံကနေ အလှူငွေကောက်ခံပြီး လုပ်ဆောင်ရတာကြောင့် အဂတိလိုက်စားမှုတွေဖြစ်ပေါ်စေကြောင်း ဒေါက်တာအေဇင်လတ်က ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကို ပွဲလမ်း သဘင်တွေ ကျင်းပဖို့အတွက် တာဝန်ပေးအပ်ထားခြင်းမရှိသလို ဒေသခံစီးပွားရေးလုပ်ငန်းရှင် တွေထံကနေ အလှူငွေကောက်ခံခြင်းတွေ လုပ်ဆောင်ဖို့ ခွင့်ပြုထားခြင်းမရှိကြောင်းလည်း ဗိုလ်ချုပ် အောင်စိုးက ရှင်းပြခဲ့ ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ထွေအုပ်တွေ အလှူငွေကောက်ခံခြင်း မပြုရ ထွေအုပ်တွေ အလှူငွေကောက်ခံခြင်း မပြုရ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.