စစ်တွေ ဘင်္ဂလီ သက္ကယ်ပြင်ကျေးရွာ မီးလောင်မှူဖြစ်ပွား


အောက်တိုဘာ ၅၊DMG

စစ်တွေမြို့ ဘင်္ဂလီကျေးရွာ တခုဖြစ်သည့် သက္ကယ်ပြင် ကျေးရွာ တွင် ယနေ့(အောက်တိုဘာလ ၅ ရက်)ရက်နေ့ ည ၉နာရီ ခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဦးမောင်မောင်တင် ဆေးဆိုင် သုံးခန်းတွဲ နေအိမ်တလုံးနှင့် မော်တော်ယာဉ်တစီး မီးလောင်ခဲ့ကြောင်း စစ်တွေမီးသတ်တပ်ဖွဲ့မှသိရသည်။


နေအိမ် ဆိုင်ခန်းအတွင်း မီးစက် ဆီးဖြည့်စဥ့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးသတ်မော်တော်ယာဉ်များနှင့် အချိန်မှီငြိမ်းသတ်နိုင်ခဲ့သည့်အတွက် မီးကိုအချိန်မှီ ငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"သက္ကယ်ပြင် ကယ်ဆယ်ရေးစခန်းအနီး ဆေးခန်းရှေ့က ဆေးဆိုင်ကအိမ်မှာ လောင်တာပါ၊ မီးစက်က စလောင်တာလို့သိရတယ် ၊အခုတော့ ငြိမ်သွားပါပြီ၊နေအိမ်တလုံး ဆိုင်ခန်းနဲ့တွဲလျက် ပြီးတော့ ကားတစီး မီးလောင်သွားတယ်"ဟု သက္ကပြင်ကျေးရွာမှာ ဦး အဘူအာလောင် မှပြောသည်။

မီးပေါ့ဆမှုဖြစ်ပွားခဲ့သည့် ဦးမောင်မောင်တင်မှာ ထွက်ပြေးတိမ်းရှောင့သွားပြီး၊ မနက်ဖြန် အောက်တိုဘာလ ၆ ရက်မေ့တွင် ရန်ကုန်သို့ လေကြောင်းဖြင့် ခရီးသွားရန် စီးစဉ်ထားသူတဦးဖြစ်ကြောင်းဖြစ်သည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ တရားခံ ဖမ်းဆီးရမိရေးအတွက် စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြင့်မြတ်ဖြူ
Development Media Group
https://www.facebook.com/DevelopmentNJ/
စစ်တွေ ဘင်္ဂလီ သက္ကယ်ပြင်ကျေးရွာ မီးလောင်မှူဖြစ်ပွား  စစ်တွေ ဘင်္ဂလီ သက္ကယ်ပြင်ကျေးရွာ မီးလောင်မှူဖြစ်ပွား Reviewed by THITHTOOLWIN on 06:04 Rating: 5
Powered by Blogger.