ရော်ဘာခြံအတွင်း အရိုးကျနေသော အမျိုးသားအလောင်းတွေ့ရှိ


မော်လမြိုင်၊ အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့မလိန်းကျေးရွာအုပ်စု၊ ပိုင်ရမ်းကျေးရွာတွင် အောက်တိုဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်က ဦးသိန်းဇော်၏ ရော်ဘာခြံအတွင်းရှိ ရေးစီးမြောင်းအတွင်းမှ အရိုးကျနေပြီးဖြစ်သော အမျိုးသားအလောင်း တစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံမှ တာဝန်ရှိသူ
တစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ရော်ဘာခြံပိုင်ရှင် ဦးသိန်းဇော်သည် ၎င်းခြံအတွင်း အလောင်းတစ်လောင်း တွေ့ရှိကြောင်းကို ထုံအိုင်နယ်မြေ ရဲစခန်းထံ အကြောင်းကြား၍ ရဲ့တပ်ဖွဲ့က သွားရောက်စစ်ဆေးရာ အသားရောင်စွပ်ကျယ်၊ အဖြူပြာကွက်ကြား ရှပ်အင်္ကျီလက်တို ဝတ်ဆင်ထားသည့် လူသေအရိုးစုကိုသာ တွေ့ရှိခဲ့ရပြီး ယင်းအရိုးစုဘေးတွင် REAL တံဆိပ် စာတမ်းပါ အိတ်တစ်လုံးကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောသည်။

ဦးသိန်းဇော်၏ ရော်ဘာခြံကို အလုပ်သမားများဖြင့် ရှင်းလင်းစဉ် အဆိုပါ အရိုးကျနေသော အလောင်းအား တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးသိန်းဇော်ကို မေးမြန်းရာ လွန်ခဲ့သော တစ်လခွဲခန့်က ယင်းဝတ်အင်္ကျီအဝတ်အစားဖြင့် စိတ်မနှံသည့် အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည် ရော်ဘာခြံအနီးတဝိုက် လျှောက်သွားသည်ကို တွေ့မြင်ခဲ့ဘူးကြောင်း ၎င်း ပြောသည်။

အဆိုပါ သေဆုံးရခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးခြင်းပြုလုပ်ပြီး ထုံအိုင်နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ထားသည်။

သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရေးအတွက် နီးစပ်ရာရဲစခန်း အပိုင်နယ်မြေများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ သေဆုံးသူ၏ အင်္ကျီအဝတ်အစား ဓာတ်ပုံများကို ပေးပို့ထားရှိ၍ လူပျောက် တိုင်ကြားမှု ရှိ၊ မရှိ စုံစမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဂ္ဂနန်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ရော်ဘာခြံအတွင်း အရိုးကျနေသော အမျိုးသားအလောင်းတွေ့ရှိ  ရော်ဘာခြံအတွင်း အရိုးကျနေသော အမျိုးသားအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.