![]() |
နေပြည်တော်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ်။ Photo: Win Ko Ko Latt/RFA |
ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ ပြောတာဖြစ်ပါတယ်။
စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကလည်း ၆ လတာကာအတွင်း စီးပွားရေးတုံ့နှေးတဲ့အကြောင်း နဲ့ နိုင်ငံပိုင်စက်ရုံတွေ အရှုံးပေါ်နေတာကို အဖြေရှာဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးဖြစ်သူ ဦးနေရွှေသွေးအောင်၊ ဦးဇော်ဇော်၊ ဦးချစ်ခိုင် စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မနက်ပိုင်းတွေ့ဆုံပြီးနောက် နေ့လည်ပိုင်းမှာ မြန်မာ လူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆက်လက်တွေ့ဆုံပြီး လူငယ်တွေအနေနဲ့ ခေါင်းဆောင်မှုစွမ်းရည် အပြင် နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားကြဖို့လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ပူပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာလူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲကို အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ နိုင်ငံ တကာသံတမန်တွေ၊ မြန်မာလူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် အသင်းဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
မျှော်မှန်းသလောက် စီးပွားရေးတိုးတက်မှုမရှိ
Reviewed by THITHTOOLWIN
on
18:26
Rating:
