သမီးရည်းစားစုံတွဲချိန်းတွေ့စဉ် အမျိုးသားဖြစ်သူအရိုက်ခံရမှု လှော်ကားတွင်ဖြစ်ပွား


ရန်ကုန် အောက်တိုဘာ ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းအပိုင်ဖြစ်သောကျောင်းကုန်း (န)အမှတ်(၂၆)ရပ်ကွက်ရှိ စက်မှု ဇုန်ပတ်လမ်းအတွင်း၌ ယခုလ ၂၁ ရက် ည ၁၂နာရီက သမီးရည်းစား စုံတွဲ ချိန်းတွေ့စကားပြောနေစဉ် ရည်းစားဖြစ်သူ ကောင်လေးမှာ အရိုက်ခံရသဖြင့်အမျိုးသမီးငယ်က လှော်ကားနယ်မြေရဲစခန်းသို့ အမှု ဖွင့်ခဲ့သည်။

ဖြစ်စဉ်မှာမစန်းစန်းဌေး(၂၈နှစ်) အထည်ချုပ်စက်ရုံဆင်း ရွှေပေါက် ကန်လမ်း ကျောင်းကုန်း(န)အမှတ် (၂၆)ရပ်ကွက်နေသူသည် တ/၁၅ ရပ်ကွက်နေထိုင်သူ ရဲရင့်(၂၈နှစ်) နှင့်အတူ (၂၆)ရပ်ကွက် ရွှေပြည် သာလမ်းနှင့် သာဓုကန်စက်မှုဇုန် ပတ်လမ်းထိပ်အုတ်ခုံတွင် ချိန်းတွေ့ စကားပြောနေစဉ် (အမည်မသိ) ခန္ဓာကိုယ်ပိန်၊ အရပ်ရှည်၊ အင်္ကျီ အဖြူရောင်လက်ရှည်၊ဂျင်းဘောင်း ဘီအပြာရောင်၊ ဘောင်းဘီရှည်တို့ ဝတ်ဆင်ထားသော အသက်(၂ဝ) ခန့်ရှိ အမျိုးသားနှစ်ဦးက သစ် သားတုတ်များကိုင်ဆောင် ရောက် ရှိလာခဲ့ပြီး ရဲရင့်ကို ဝိုင်းဝန်းရိုက် နှက်ကာ ထွက်ပြေးသွားခဲ့သဖြင့် ရဲရင့်တွင်ဦးခေါင်းဝဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ယာဘက်နားရွက် အောက် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသခံနေရခြင်းဖြစ်သည်။
''ကျွန်တော်တို့ ညစဉ်ညတိုင်း လှည့်ကင်းတွေပတ်နေတယ်။ ဒီလို မှုခင်းဖြစ်ပွားမှုတွေကြောင့်ညမအိပ် ဘဲပတ်နေခြင်းဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ လေးငါးလကလည်း လူခြေ တိတ်ဆိတ်နေတဲ့နေရာနဲ့ မှောင်ရိပ် နေရာတွေမှာ ချိန်းတွေ့စုံတွဲတွေကို မှုခင်းဖြစ်ပွားနိုင်တဲ့အကြောင်း တွေ့ ဆုံသတိပေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အခုဖြစ် စဉ်က လုယက်မှုလို့ ပြောလို့မရ ဘူး။ရည်ငြိုးရန်စကြောင့် ပြဿနာ ဖြစ်ပွားတယ်လို့ ယူဆပါတယ်'' ဟု အမှုစစ်ရဲအုပ်ကျော်ဖြိုးဝေက ပြောသည်။

မစန်းစန်းဌေး၏ တရားလိုပြု လုပ်တိုင်တန်းချက်အရ လှော်ကား နယ်မြေရဲစခန်းက (ပ)၆၁၇/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ-၃၂၅ဖြင့် အမှု ဖွင့်ထားပြီး တရားခံများ အမြန်ဆုံး ဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိသည်။

ကိုကိုနိုင်(ရွှေပြည်သာ)
The Union Daily
https://www.facebook.com/uniondaily.net/
သမီးရည်းစားစုံတွဲချိန်းတွေ့စဉ် အမျိုးသားဖြစ်သူအရိုက်ခံရမှု လှော်ကားတွင်ဖြစ်ပွား  သမီးရည်းစားစုံတွဲချိန်းတွေ့စဉ် အမျိုးသားဖြစ်သူအရိုက်ခံရမှု လှော်ကားတွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.