နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိန္ဒိယနိုင်ငံခရီးစဉ်


(၁၆-၁၀-၂၀၁၆)

အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့တွင်ရောက်ရှိနေ သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၃း၀၀နာရီတွင် Hotel Leela တွင်ပြုလုပ်သည့် ဂိုအာပြည်နယ်ဝန်ကြီးချုပ်မှ BIMSTEC နိုင်ငံခေါင်းဆောင်များအား တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၄း၃၀ နာရီတွင် သီရိလင်္ကာနိုင်ငံ သမ္မတနှင့် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဒေသစံတော်ချိန် ၁၅း၄၅ နာရီတွင် BIMSTEC Retreat အစည်းအဝေးသို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ နယူးဒေလီမြို့

REF: Ministry of Foreign Affairs Myanmar


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိန္ဒိယနိုင်ငံခရီးစဉ်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိန္ဒိယနိုင်ငံခရီးစဉ် Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.