ပဲခူးတိုင်း ရွှေကျင်မြို့၏ သမိုင်းဝင်ရွှေကျင်ဘုရားကြီး မိုးကြိုးထိမှန်သဖြင့် စိန်ဖူးတော်ယိမ်းယိုင်


ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၏ သမိုင်းဝင်ရွှေကျင်ဘုရားကြီး မှာ အောက်တိုဘာ ၃ ရက်၊ ညပိုင်းက မိုးကြိုးထိ မှန်ပြီး စိန်ဖူးတော်ယိမ်းယိုင်ခဲ့ကြောင်း ရွှေကျင်မြို့ ဒေသခံများထံမှ သိရှိရသည်။

 အဆိုပါ စေတီ၏ စိန်ဖူးတော်သည် မိုးကြိုးထိမှန်ပြီး အနောက်တောင်ထောင့်သို့ယိမ်းယိုင်ခဲ့ကာ စေတီ၏ ကိုယ်ထည် လုံးပတ်တော်ကိုလည်း ထိမှန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
 “လေတော့ သိပ်မထန်လှဘူး။ မိုးကြိုးပစ်တာက ညနေပိုင်းလောက်ကပါ။ စိန်ဖူးတော်လည်းအနောက်တောင် ထောင့်ဘက်ကို စောင်းသွားတာတွေ့ရတယ်။ မမြင်မတွေ့ဖူးတော့ သိပ်ပြီးအံ့ဩမိတယ်။ ဘုရားစေတီတော်ရဲ့ ကိုယ်ထည်အလယ်ပိုင်းလည်း မိုးကြိုးထိမှန်သွားတာတွေ့ရ ပါတယ်။”ဟု ရွှေကျင်ရွှေရိပ်စစ်အဖွဲ့ဝင် ဦးစိုးထွန်းက ပြောသည်။


 သမိုင်းဝင်ရွှေကျင်ဘုရားကြီးမှာ ၁၉၁၅ ခုနှစ် မြေငလျင်လှုပ်ခတ်စဉ်ကလည်း စိန်ထီးတော်မြေခခဲ့ဖူးကာ ယခု တစ်ကြိမ်မိုးကြိုးထိမှန်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ယင်းဘုရားကြီး၏ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။ မိုးကြိုးထိမှန်ခြင်းကြောင့် ပျက်စီးသွားသည့် ဘုရားကြီးကိုပြန်လည်ပြုပြင်ရန် အောက်တိုဘာ ၄ ရက်၊ နံနက် ၈ နာရီတွင် ရွှေကျင်မြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွှေကျင် ဘုရားကြီးဂေါပကအဖွဲ့ဝင်များ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပဲခူးတိုင်း ရွှေကျင်မြို့၏ သမိုင်းဝင်ရွှေကျင်ဘုရားကြီး မိုးကြိုးထိမှန်သဖြင့် စိန်ဖူးတော်ယိမ်းယိုင်  ပဲခူးတိုင်း ရွှေကျင်မြို့၏ သမိုင်းဝင်ရွှေကျင်ဘုရားကြီး မိုးကြိုးထိမှန်သဖြင့် စိန်ဖူးတော်ယိမ်းယိုင် Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.