နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယနိုင်ငံ သမ္မတက ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆို


နယူးဒေလီ အောက်တိုဘာ ၁၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယသမ္မတ နိုင်ငံသမ္မတ ပရာနာ့ဗ် မူခါဂျီးက ယနေ့နံနက် ၉ နာရီတွင် နယူးဒေလီမြို့ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဝင်း Rashtrapati Bhavan ၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား သို့ ရောက်ရှိလာရာ အိန္ဒိယ၀န်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက ကြိုဆိုနှုတ်ဆက်သည်။


ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အိန္ဒိယနိုင်ငံသမ္မတ မစ္စတာ ပရာနာ့ဗ်မူခါဂျီးက ၄င်းနှင့်အတူ ကြိုဆိုကြသူများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အတူလိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ပြန်လည် မိတ်ဆက်ပေးသည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သတင်းမီဒီယာများအား တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံသမ္မတ အိမ်တော်မှ မဟတ္တမဂန္ဒီ ဗိမာန်သို့ရောက်ရှိပြီး ပန်းခွေချအလေးပြုကာ ဧည့်သည် တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် Raj Ghat Samadhi Committee Secretary, Dr. Rajnish Kuma က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အမှတ်တရစာအုပ်များနှင့် ဂန္ဒီ၏ ပုံတူရုပ်တုကို ပေးအပ်သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာဆွာရာ့ရ်တို့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အိန္ဒိယနိုင်ငံ သမ္မတအိမ်တော် South Drawing Room ၌ တွေ့ဆုံပြီး ခရီးစဉ် အတွင်း ဆွေးနွေးမည့် ဘာသာရပ်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ်မူခါဂျီးတို့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် အိန္ဒိယနိုင်ငံ သမ္မတ အိမ်တော်ဝင်း Rashtrapati Bhavan ၊ Morning Room ၌ တွေ့ဆုံကြသည်။


တွေ့ဆုံစဉ် အိန္ဒိယသမ္မတနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံ ထူထောင် ခဲ့သည့် အတွေ့အကြုံများနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထူထောင်လျှက်ရှိ သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံသမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့တက်ရောက်သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယနိုင်ငံ သမ္မတက ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယနိုင်ငံ သမ္မတက ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆို Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.