နိရဉ္စရာ၊ အောက်တိုဘာ ၁၀
မောင်တောမြို့နယ်အတွင်းသို့ တပ်မတော်စစ်ကြောင်းများ၊ ရဲတပ်ဖွဲ့များ အငူမော်လမ်းမ တစ်ဆင့် မောင်တောမြို့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်ဟု မောင်တောမြို့ ဗဟိုကျောင်းဆရာတော်က ပြောသည်။
“ အခုဘဲ အငူမော်ဘက်ကနေ ရဲတပ်တပ်ရင်းတွေ၊ တပ်မတော်က စစ်ကားတွေ အစီး နှစ်ဆယ်လောက်တက်လာတာကို မြင်ရပါတယ်။ အများကြီး တက်လာနေတာကို မြင်ရပါတယ်။ ခုဘဲ တက်လာနေပါတယ်” ဟု ဆရာတော်က ပြောသည်။
အမြောက်တပ်ရင်းများ၊ ခြေမြန်တပ်ရင်းများလည်း ပါဝင်သည်ဟု ကြားသိရကြောင်း ဆရာတော်က ဆိုသည်။
မြေပြင် သတင်းအရ ကျေးရွာများ ၀င်ထွက်ခွင့်ကို ပိတ်ထားပြီး တပ်မတော် စစ်ကြောင်းများမှ ကျေးရွာအများအပြားပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောကြားသည်။
ယနေ့ နံနက်မှ စပြီး အကြမ်းဖက် စီးနှင်း တိုက်ခိုက်သွားသူများ ခိုအောင်းနေသည် သံသယ ဖြစ်ခံရသော ဘင်္ဂလီကျေးရွာ ဖြစ်ကြသည့် မြို့သူကြီး၊ ပြင်ဖြူ၊ ၀ပိတ်၊ ကင်းချောင်း၊ အီတလယာ ကျေးရွာများကို ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်နေပြီး အနည်းဆုံး အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူ ဘင်္ဂလီ ၁၄ ဦးကို ဖမ်းမိသည်ဟု ဆိုသည်။
လက်ရှိ အချိန်တွင် မောင်တောမြို့သို့ အနောက်ပိုင်း တိုင်းမှူှးဗိုလ်ချုပ် မာင်မောင်စိုး အပါအ၀င် ပြည်ထဲရေး ဒုဝန်ကြီး၊ နယ်လုံဝန်ကြီးများလည်း ရောက်ရှိနေကြောင်း သိရသည်။
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ် နောက်ဆုံး အခြေအနေ
Reviewed by THITHTOOLWIN
on
18:26
Rating:
