မုံရွာမြစ်ဆိပ်ကမ်းတွင် ခေါင်းပြတ်၊ လက်ပြတ်၊ ခြေတစ်ဖက်ပြတ် နေသည့် မွေးကင်းစ ကလေးအလောင်းတွေ့


မုံရွာ၊ အောက်တိုဘာ-၁၃

မုံရွာမြို့ အေးသာယာရပ်ကွက် ရေဆိုးထုတ် စက်အမှတ် (၁)အနီး ချင်းတွင်းမြစ် ဆိပ်ကမ်း ရေစပ်တွင် ခေါင်းပြတ်၊လက်ပြတ်၊ ခြေတစ်ဖက်ပြတ်နေသော မွေးကင်းစ ကလေးအလောင်း ကို ယနေ့ ၁၂ နာရီက တွေ့ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ကလေးအလောင်းအနီးတွင် ခွေးဆွဲထားသော အနှီးထည့် အိတ်တစ်အိတ်ကိုလည်း သွေးစများနှင့်တွေ့ရကြောင်း သိရသည်။

" မိန်းကလေး အလောင်းပါ၊ကလေးအလောင်း ကပုပ်နေတာလည်း မဟုတ်ဘူး၊သွေးတွေ မခြောက်သေးဘူး၊ ဒီတိုင်းအသေ လာပစ်လို့ ခွေးတွေဆွဲစားထားလို့များလား၊ ဘယ်လိုမှန်းတော့မသိဘူး "ဟု အေးသာယာရပ်ကွက်နေသူတစ်ဦးကပြောသည်။

ကလေးအလောင်းအား လာရောက်စွန့်ပစ်သွားသူများကို ဖော်ထုတ်နိုင်ရေး ၊နယ်ထိန်းရဲနှင့်ရဲတပ်ဖွဲ့ဝင်များမှ အပူတပြင်း ရှာဖွေ နေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-fb
Monywa Gazette
https://www.facebook.com/chindwingazet/
မုံရွာမြစ်ဆိပ်ကမ်းတွင် ခေါင်းပြတ်၊ လက်ပြတ်၊ ခြေတစ်ဖက်ပြတ် နေသည့် မွေးကင်းစ ကလေးအလောင်းတွေ့ မုံရွာမြစ်ဆိပ်ကမ်းတွင် ခေါင်းပြတ်၊ လက်ပြတ်၊ ခြေတစ်ဖက်ပြတ် နေသည့် မွေးကင်းစ ကလေးအလောင်းတွေ့ Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.