![]() |
ဒုတိယအကြိမ် သမ္မတအဖြစ်ရွေးချယ်ခံရပြီး ဂုဏ်ပြုပွဲဆင်နွှဲနေပုံ။ ညာဘက်လက်မှာ ငြိမ်းချမ်းရေး လို့ ရေးသားထားပါတယ်။ |
ဒါပေမဲ့လည်း ဒီ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ လူထုဆန္ဒခံယူပွဲမှာ ကျင်းပရာမှာ ကန့်ကွက်သူ ၅၀.၂ % ထောက်ခံသူ ၄၉.၇% နဲ့ မမျှော်လင့်ဘဲ ကပ်ပြီး ပယ်ချခံခဲ့ရပြီးနောက် မကြာခင်မှာပဲ အခုလိုဆုချီးမြှင့်တဲ့အတွက် အများက အံ့အားသင့်ကြပါတယ်။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတဲ့ထဲမှာ FARC အဖွဲ့အပေါ် အစိုးရအနေနဲ့ အလျော့ပေးလိုက်လျောလွန်းအားကြီးတယ်လို့ မဲဆန္ဒရှင်အများအပြားက ယုံကြည်ထားကြတာပါ။
ဒီ သဘောတူညီချက်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေရှိပေမယ့်လည်း ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည် ဖေါ်သွားမယ်လို့ သမ္မတ Santos ကပြောပါတယ်။ အခုလို ငြိမ်းချမ်းရေး နိုဗယ် ဆုချီးမြှင့်တာဟာ ကိုလံဘီယာပြည်သူတွေကို ဂုဏ်ပြုတာဆိုတဲ့အနေနဲ့ ကြည့်မြင်နိုင်ကြောင်းလည်း ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဌ Kaci Kullmann Five က ဆုကြေညာစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်တာကြောင့် ကိုလံဘီယာသမ္မတနဲ့ ကိုလံဘီယာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ FARC တို့ကြား ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်း အသိအမှတ်ပြုသွားဖို့ ပိုအရေးကြီးတဲ့အနေအထားကို ရောက်ရှိသွားပြီ ဖြစ်ကြောင်းလည်း ဆုရွေးချယ်ရေး ကော်မတီကပြောပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ငြိမ်းချမ်းရေး နိုဗယ်ဆုကို နော်ဝေနိုင်ငံ အော်စလိုမှာ ဆုတံဆိပ်နဲ့အတူ ဒေါ်လာ ၉ သိန်း ၃ သောင်း ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကိုလံဘီယာသမ္မတ ငြိမ်းချမ်းရေး နိုဘယ်ဆုရ
Reviewed by THITHTOOLWIN
on
19:02
Rating:
