နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ ခန့်က ဝိုင်းဝန်းတိုက်ခိုက်


နေပြည်တော် အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ် စဉ်များကြောင့် ဒေသတည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့် တွင် မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့် နေရာသို့ တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းစဉ် တောင်ကုန်းပေါ်၌ အသင့်နေရာယူထားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၃၀ ခန့်က လက်နက်ငယ်များ၊ စက်သေနတ်များ ဖြင့် တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်နေစဉ် တပ်မတော်စစ် ကြောင်း နေရာယူထားသည့် နေရာ၏ မြောက်ဘက်နှင့် အနောက်ဘက်တို့မှ အကြမ်းဖက်စီးနင်းတိုက် ခိုက်သူ အင်အား ၃၀၀ ခန့်က လက်နက်ငယ်များ၊ ဓားနှင့်တုတ်များ ကိုင်ဆောင်၍ ထပ်မံတိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အနောက် ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်း တစ်လောင်း၊ သေနတ် နှစ်လက်နှင့် ကျည်အိမ် နှစ်ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ သေနတ် နှစ်လက် ပျောက်ဆုံးကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး စစ်သည်လေးဦး နိုင်ငံတော်အတွက် အသက်ပေးစွန့်လွှတ် ခဲ့ရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာ အနီးတစ်ဝိုက်နှင့် ပတ်ဝန်းကျင်ကျေးရွာများအား တပ်မတော်စစ်ကြောင်းများက ဆက်လက်နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ ခန့်က ဝိုင်းဝန်းတိုက်ခိုက်  နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ ခန့်က ဝိုင်းဝန်းတိုက်ခိုက် Reviewed by THITHTOOLWIN on 06:31 Rating: 5
Powered by Blogger.