လမ်းသွားနေသည့် အမျိုးသမီးတစ်ဦးအား ကားပေါ်ဆွဲတင်၍ အဓမ္မကျင့်ရန်ကြံစည်ကာ ဓားဖြင့်ထိုး၍ ကားပေါ်မှ ပစ်ချမှု ဖြစ်ပွား


ရန်ကုန် အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ်-၃ လမ်းမကြီး ညောင်ပင်မှတ်တိုင်အနီးရှိ ယမုံနာလမ်းသွယ်တွင် ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီ အချိန်ခန့်က ဓါးဒဏ်ရာများ ရရှိထားသော အမျိုးသမီးတစ်ဦးအား ကားပေါ်မှ ပစ်ချသွားခဲ့ပြီး လမ်းလာလမ်းလာတွေ့ရှိသူများ ကူညီမှု ပြုခဲ့ရကာ ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဓါးဒဏ်ရာများရ ရှိထားသည့်အမျိုးတစ်ဦးကို ကားတစ်စီးပေါ်မှ ပစ်ချခဲ့သောကြောင့် အနီးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများက သွားရောက်ကူညီပြုစုမေးမြန်းခဲ့ရာ အမျိုးသမီးမှာ မ-------- ဖြစ်၍ မြောက်ဒဂုံမြို့နယ် ၃၃ ရပ်ကွက် ဆရာစံလမ်း အမှတ်-၄၄၅ တွင်နေထိုင်သူဖြစ်တယ် လို့သိရပြီး ၎င်းလမ်းလျောက်နေစဉ်အတွင်း အမည်မသိသူများက ကားပေါ်ဆွဲတင်ကာ ကားမောင်း ပြေးပြီး ကားပေါ်တွင် အဓမ္မပြုကျင့်ဖို့ကြံစည်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အမျိုးသမီးမှာ လည်ပင်းဓါးဒဏ်ရာ ၂ ချက် နဲ့ဘယ်ဘက်လက်ဓါးဒဏ်ရာနှစ်ချက် ခေါင်းရိုက်နှက်ဒါဏ်ရာ ၁ ချက် ရ ရှိခဲ့ပြီး အနီးရှိ ရတနာဆီဆိုင်မှ အရောင်းဝန်ထမ်းများမှ ပုလဲမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ လူနာတင်ယာဉ်ကို ဆက်သွယ် အကူအညီတောင်းခံခဲ့ရ တယ်လို့ဆိုပါတယ်။ပုလဲမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ ဓါးဒဏ်ရာ ရရှိထားတဲ့ အမျိုးသမီးအား ရှေးဦးသူနာပြုစုနည်းအတိုင်းပြုစု အသက်ကယ်ပေးခဲ့ပြီး အချိန်မှီဆေးဝါးကုသမှုများကို ပြုလုပ်၍ မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
"မနက် ၉ နာရီလောက်က ကျွန်တော်တို့ ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းလို့ သွားရောက်တဲ့ အခါမှာ ကောင်မလေးတစ်ယောက်ကိုဓါး ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရပါတယ်။သက်ဆိုင်ရာမြို့နယ်က ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရယ်၊ ကျွန်တော်တို့တပ်ဖွဲ့ဝင် တွေပူးပေါင်း ပြီးတော့ အားပေးစကားပြောတယ်။ ရှေးဦးသူနာ ပြုစုနည်းတွေနဲ့ ပြုစုတဲ့အခါ ကောင်မလေးက အခြေအနေပြန်ကောင်းလာတယ်။ဓါးဒဏ်ရာရပေမယ့်သူက သတိလစ်သွား တာမျိုးမရှိခဲ့ပါဘူး။နောက်ပြီးတော့ ကားပေါ်မှာသွေးယိုစိမ့်မှုမရှိတဲ့ အတွက် အသက်ကို ကယ်နိုင်ခဲ့ပါတယ်။သူပြောတဲ့ ဖြစ်စဉ်အရဆိုရင် သူက သူ့ကို သဲတို့ ကျောက်စလစ် တို့တင်တဲ့ လော်လီကားနဲ့ တင်တယ်ပေါ့ ပြီးတော့ကားပေါ်မှာ အဓမ္မပြုကျင့်ဖို့ကြိုးစားတယ်ပေါ့။လူကတော့ ခပ်ဝဝ လို့ပြောပါတယ် ပြီးတော့သူ့ကို ပစ်ချထားခဲ့တယ်ပေါ့။ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း မင်္ဂလာဒုံရဲစခန်း ကအမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေပါပြီ။အခု ညနေပိုင်းမှာ ကျွန်တော် ဆေးရုံကိုဖုန်းဆက်မေးကြည့်တော့ ကောင်မလေး က အခြေအနေကောင်းတယ် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်" လို့ ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ ဦးနီတာက ဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ China.com myanmar သို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဆိုပါအမှုကို မင်္ဂလာဒုံမြို့ နယ်ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း စစ်ဆေးဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ပြည်သိမ်း
china.com Myanmar
https://www.facebook.com/china.com.mm
လမ်းသွားနေသည့် အမျိုးသမီးတစ်ဦးအား ကားပေါ်ဆွဲတင်၍ အဓမ္မကျင့်ရန်ကြံစည်ကာ ဓားဖြင့်ထိုး၍ ကားပေါ်မှ ပစ်ချမှု ဖြစ်ပွား လမ်းသွားနေသည့် အမျိုးသမီးတစ်ဦးအား ကားပေါ်ဆွဲတင်၍ အဓမ္မကျင့်ရန်ကြံစည်ကာ ဓားဖြင့်ထိုး၍ ကားပေါ်မှ ပစ်ချမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.